စျေး မီဒီယာ
မမွေးဖွားမှီ

တတိယ ၃ လ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူရာမှာ ဘယ်အချက်တွေကို ပိုအလေးထားရမှာလဲ။

Posted by Kyaw Lin Han April 24, 2020
T7souvjjsubptvchk31z

တတိယ ၃လ ထဲ ကျန်းမာရေး စောင့်ရှောက်မှုခံယူရန်လာတဲ့အချိန်မှာ ဘယ်လို မွေးမလဲ၊ ဘယ်မှာ မွေးမလဲ၊ ဘယ်သူနဲ့ မွေးမလဲ (Birth Plan) ဆွေးနွေးတိုင်ပင်ပြီး ပြင်ဆင်ခြင်း၊ ဘယ်လိုမွေးရင် ကောင်းမလဲ- ရိုးရိုးမွေးမလားနှင့် ခွဲမွေးမလား ဆိုတာ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးသူနဲ့ တိုင်ပင်ပါ။
မွေးဖွားဖို့ ဗိုက်နာခြင်း ဘယ်လိုခံစားရမယ်ဆိုတာတွေ သိထားရပါမယ်။ ဗိုက်နာခြင်းအပြင် မွေးဖွားဖို့ အခြား လက္ခဏာများကို လည်း သိထားရပါမယ်။
မွေးဖွားခြင်း အဆင့်ဆင့် အကြောင်းနဲ့ ခံစားရနိုင်တဲ့ ဝေဒနာများ၊ ဗိုက်နာရင် လိုက်နာ နေထိုင်ရမဲ့ အကြောင်းစတာတွေကို စောင့်ရှောက်မှုပေး မည့်သူက ရှင်းပြထားဖို့လိုပါသည်။
ဗိုက်နာလာလျှင် မွေးဖွားပေးမဲ့ ဆေးရုံ ဆေးခန်းများ က အနာသက်သာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်းများအကြောင်းလည်း ကိုယ်ဝန်၃၈-၃၉ ပါတ် လောက်မှာ မွေးမဲ့ မွေးခန်းကို လှည့်လည် ပြသထားခြင်း၊ စောင့်ရှောက်ပေးမဲ့ ဆရာဝန်၊ ဆရာမများနှင့် တွေ့ဆုံပေးမှု များကို လုပ်သင့်ပါသည်။ အခက်အခဲရှိလျှင် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း စောင့်ရှောက်မှုပေး မည့်သူက ရှင်းပြထားဖို့ လိုပါသည်။
အချိန်မရွေး ဗိုက်နာနိုင်ပြီဖြစ်တဲ့အတွက် ဗိုက်နာလျှင် မိခင်နှင့်ကလေးအတွက် လိုအပ်မည့် ပစ္စည်းများ အဆင်သင့် စုဆောင်းထားရပါမည်။
မွေးဖွားစဉ် အခက်အခဲဖြစ်လျှင် ဘာလုပ်မလဲ၊ ဘယ်သူဆက်သွယ်မလဲ၊ ဘယ်သွားမလဲ၊ ဘယ်လိုသွားမလဲ စတာတွေ (birth preparedness and the complication readiness)ကို စီစဉ်ထားရမှာပါ။

Wade6dvqhis8y48ewdjz

ဘယ်လို မွေးဖွားမလဲ

Duvbhhhnwmjosatsyiba

မွေးတော့မယ်ဆိုတဲ့လက္ခဏာတွေက ဘာတွေလဲ

Kjn9uodnfes9uqgwqiv7

မွေးဖွားခြင်းစရန် အခြားလက္ခဏာများ

Bczwdmppj6zcgklxhvhs

ဗိုက်နာလို့ဆေးရုံ ဆေးခန်းသွားရင် ယူသွားဖို့ ပစ္စည်းတွေဘယ်လိုပြင်ထားမလဲ။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.