စျေး မီဒီယာ
မမွေးဖွားမှီ

မွေးဖွားခြင်းစရန် အခြားလက္ခဏာများ

Posted by Kyaw Lin Han April 24, 2020
Kjn9uodnfes9uqgwqiv7

၁။ ခေါင်းချွဲဆင်းခြင်း

မွေးဖို့ လာတဲ့ သားအိမ်ညှစ်အားကလည်း Prelabour painမှာလာတဲ့ ညှစ်အားထက်ပြင်းတဲ့အတွက် သားအိမ်ခေါင်းမှာ ပြောင်းလဲမှုလေးတွေ သားအိမ်ခေါင်းတိုလာပြီး စပွင့်တော့မှာဖြစ်တဲ့အတွက် သားအိမ်ခေါင်း အဝမှာရှိနေတဲ့ ချွဲ လေးဟာ သွေးစွန်းပြီး မိန်မကိုယ်မှ ထွက်လာပါတယ်။ ခေါင်းချွဲဆင်းတယ်လို့ ခေါ်ပါတယ်။ ညှစ်အားလာလို့ သားအိမ်ခေါင်း ပြောင်းလဲမှုကြောင့် ခေါင်းချွဲဆင်းတယ်ဆိုပေမဲ့ တစ်ချို့က ညှစ်အားလာတာ၊ ဗိုက်နာတာကို မသိဘဲ၊ မခံစားရဘဲ ခေါင်းချွဲဆင်တာကိုဘဲ သိတတ်ကြပါတယ်။ မွေးတော့မဲ့ လက္ခဏာတစ်ခုဘဲ ဖြစ်ပါတယ်။

၂။ ရေဆင်းခြင်း

ပုံမှန်အားဖြင့် ဗိုက်နာပြီး သားအိမ်အဝ အပြည့်ပွင့်ခါနီးလောက်မှာမှ ရေမြွှာရည်အိတ်ပေါက်ပြီး ရေမွှာရည်တွေ ဆင်းလေ့ရှိပါတယ်။ ရေမြွှာပေါက်ပြီးတာနဲ့ ကလေးလည်း လိုက်ထွက်လာတတ်ပါတယ်။ ကလေးမွေးခါနီး လောက်မှ ရေမြွှာကပ်ပေါက်လေ့ရှိပါတယ်။
ဗိုက်နာနေတဲ့ အချိန်မဟုတ်ဘဲလည်း ရေမွှာရည်အိတ်ပေါက်ပြီး ရေမြွှာရည်များ ပုံမှန်မဟုတ်ဘဲ ဆင်းတတ်ပါ တယ်။ ဗိုက်မနာခင် ရေဆင်းခြင်း (Pre-labour rupture of membranes) လို့ခေါ်ပါတယ်။ နေ့စေ့လစေ့မှာ လည်း ဆင်းနိုင်သလို၊ နေမစေ့လမစေ့သေးတဲ့အချိန်မှာလည်း ဆင်းနိုင်ပါတယ်။ ရေမြွှာပေါက်ပြီးရင် ဗိုက်နာစေတဲ့ ဓါတ်တွေ ထွက်လာပြီး ဗိုက်နာလာတတ်ကြပါတယ်။ ၂၄ နာရီ ကျော်လို့မှ မနာလာရင်တော့ ဗိုက်နာလာအောင် ဆေးသွင်းမွေးရတတ်ပါတယ်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.