စျေး မီဒီယာ
မမွေးဖွားမှီ

ဘယ်လို မွေးဖွားမလဲ

Posted by Kyaw Lin Han April 24, 2020
Wade6dvqhis8y48ewdjz

ခွဲမွေးခြင်း ရဲ့ကောင်းကျိုး ဆိုးကျိုးများ
ရိုးရိုးမွေးဖို့ မသင့်တော်မှ ခွဲမွေးသင့်တာပါ။

နာကျင်ခြင်း

ကလေးမွေးဖို့ ဗိုက်မနာရတာက ကောင်းကျိုးပေါ့။ ဒါပေမဲ့ ခွဲမွေးတာကြောင့်တော့ နာရမှာပေါ့။ ရိုးရိုးမွေးဖို့ဗိုက်နာရတာက နာလိုက် ပျောက်လိုက်ပေါ့။ စနာစမှာ ၁၀မိနစ်မှာ ၁-၂ခါလောက်ဘဲနာတာ။ တစ်ခါနာရင် စက္ကန့်၂၀-၃၀ လောက်ဘဲနာတာ။ တဖြည်းဖြည်း အနာစိတ်လာပြီး ပိုပိုနာလာတာပေါ့။ မွေးခါနီးဆိုရင် ၁၀မိနစ်မှာ ၃ခါလောက်နာပြီး တစ်ခါနာရင် စက္ကန့်၄၀-၆၀လောက် နာပါတယ်။ သားဦးဆိုရင်နဲနဲအနာကြာပေမဲ့ သားနှောင်းဆိုရင် မြန်တတ်ပါတယ်။ ၆နာရီ က ၈နာရီလောက်ကြာ တတ်ပါတယ်။ ကလေးထွက်ပြီးရင် နာတာချက်ချင်း ပျောက်သွားတာ။ ပုံမှန်သွားလာလှုပ်ရှာလို့ရပါ တယ်။ မိန်းမကိုယ်အဝမှာ အနာရှိရင်လည်း အနည်းအကျဉ်းလောက်ဘဲ နာပါတယ်။
ခွဲမွေးရင်တော့ ခွဲနေတုံး ထုံဆေး၊မေ့ဆေးကြာင့် မနာပေမဲ့ ထုံဆေးပျယ်တာနဲ့နာပါတယ်။ အနာ သက်သာဆေးတွေ ထိုးလည်း ခဏသက်သာပေမဲ့ ဆေးအာနိသင်ပြယ်ရင် ပြန်နာတာပါဘဲ။ ၂၄နာရီ ကျော်လို့ စလှုပ်ရှားရင် အသည်းအသန်နာတာပေါ့။ တစ်ပါတ်လောက်မှာ ခါးဆန့်ပြီးလမ်းလျှောက်ဖို့ မနည်း ကျိုးစားရတာ။

ထုံဆေး မေ့ဆေးတွေရဲ့အန္တရာယ်

ရိုးရိုးမွေးတာက ထုံဆေး မေ့ဆေးမသုံးရတော့ ထုံဆေး မေ့ဆေးတွေရဲ့အန္တရာယ်တွေ မရှိဘူးပေါ့။ ထုံဆေး မေ့ဆေးတွေကလည်း အသက် အန္တရာယ်အထိရှိနိုင်ပါတယ်။

ကလေးခေါင်းထုတ်ရခက်ခဲခြင်း

ရိုးရိုးမွေးတာကတော့ သဘာဝလမ်းကြောင်အတိုင်း သားအိမ်ရဲ့ညှစ်အား၊ အမေရဲ့ညှစ်အား နဲ့ထွက်ရ တာပေါ့။ ခွဲမွေးတာက ဘာညှစ်အားမှ မရှိတဲ့အချိန်မှာ ဗိုက်နံရံ နဲ့ သားအိမ်နံရံမှာ ခွဲကြောင်းပေးပြီး လက်နဲ့ နှိုက်ထုပ်ရတာ။ ညှစ်အားမရှိဘဲ နှိုက်ထုတ်ရတာဆိုတော့ တစ်ခါတစ်လေ ထုတ်ရ ခက်ခဲတာတွေရှိတတ်ပါတယ်။

ရက်မှားနိုင်သော အန္တရာယ်

ရိုးရိုးမွေးတာကတော့ သူအလို အလျှောက် သဘာဝအတိုင်း ဗိုက်နာမှ မွေးတာဆိုတော့ ရက်မှားမှာ မပူရဘူးပေါ့။ ခွဲမွေးတာကတော့ ရက်တွက်မှားပြီး ခွဲမိရင် ကလေး လမစေ့ဘဲ နုသွားတတ်ပါတယ်။ သိပ်နုသွားရင် ကလေးအတွက်အသက်အန္တရာယ်အထိရှိတတ်ပါတယ်။ ဒါမှမဟုတ်ချူချာပြီး မွေးမြူရခက်တတ်ပါတယ်။

ကလေး အသက်ရှူနှုန်းမြန်ခြင်း

သဘာဝအတိုင်း မွေးလမ်းကြောင်းကတိုးထွက်ပြီးမွေးခြင်းဖြင့် အဆုတ်ထဲက ရေမြွှာရည်တွေ ညှစ်ထုပ်လိုက်သလို ဖြစ်ပြီး ပထမဦးဆုံးအသက်ရူလိုက်တဲ့အခါ လေအိတ်လေးတွေ ပွင့်သွားပါတယ်။ ခွဲမွေးတဲ့အခါမှာ အဆုတ်ထဲက ရေမြွှာရည်တွေ မထွက်သွားတဲ့အတွက် မွေးပြီးတဲ့အခါ အသက်ရှူ မြန်တာ အသက်ရှူရတာ အခက်အခဲဖြစ်တာတွေဖြစ်တတ်ပါတယ်။

ကလေးမွန်းသော အန္တရာယ်

ခွဲမွေးရင် ကလေးခေါင်းထုတ်ရခက်သောအခါမျိုးမှလွဲပြီး ကလေးမွန်းဖို့ အန္တရာယ်နည်းပါတယ်။ ရိုးရိုးမွေးတာကတော့ ဗိုက်နာနေတဲ့အချိန်မှာ မိခင်အခြေအနေ၊ ကလေးအခြေအနေနဲ့ မွေးဖွားခြင်း အခြေ အနေ တိုးတက်မှု့တွေကို စောင့်ကြည့်ဖို့ ကျွမ်းကျင်သူလိုပါတယ်။ စောင့်ရှောက်သူက ကျွမ်းကျင်မှု နည်းပြီး အကဲမခတ်တတ်ရင်တော့ မိခင်ရောကလေးပါ အန္တရာယ်ရှိတတ်ပါတယ်။ ကျွမ်းကျင်သူနဲ့ မွေးပါ။

အခြားနောက်ဆက်တွဲဆိုးကျိုးများ

နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ခွဲမွေးတာကပိုများပါတယ်။

သွေးထွက်များခြင်း

သွေးထွက်တဲ့ပမာဏလဲပိုများတတ် ပါတယ်။ သားအိမ်ခွဲကြောင်းက သွေးပြန်ထွက်ရင် ဗိုက်ပြန်ခွဲရခြင်း၊ သားအိမ်ထုတ်ရခြင်းတွေ ဖြစ်တတ်ပါ တယ်။

ခွဲကြောင်းပိုးဝင်ခြင်း

ခွဲကြောင်းပိုးဝင်ပြီး အနာပြန်ကွဲတတ်ပါတယ်။ ဗိုက်ခွဲမွေးတဲ့သူတွေအတွက် ပြန်ချုပ်ရဖို့များပါတယ်။ ရိုးရိုးမွေးတဲ့သူတွေအတွက် မိန်းမကိုယ်အဝက အနာပြန်ကွဲရင် အနာကသေးပြီး အလွယ်တကူပြန်ကျက်လွယ်ပါတယ်။

သားဖွားလမ်းကြောင်းလျော့ရဲသွားခြင်း

ခွဲမွေးတဲ့သူတွေမှာ သားဖွားလမ်းကြောင်းလျော့ရဲသွားခြင်း မရှိသော်လည်း ရိုးရိုးမွေးတဲ့သူတွေမှာ ရှိတတ်ပါတယ်။ မွေးပြီးလေ့ကျင့်ခန်းပြန်လုပ်ခြင်းဖြင့် သွေးဆုံးပြီးနောက်ပိုင်းမှာ ဖြစ်တတ်တဲ့ ဆီးအိမ်ကျခြင်း၊ ချီးအိမ်ကျခြင်းနဲ့ သားအိမ်ကျခြင်းကိုကာကွယ်ပါတယ်။

နောက်ကိုယ်ဝန်တွေအတွက်ပြဿနာ

ရိုးရိုးမွေးတဲ့သူတွေအတွက်သူတွေမှာ သားအိမ်မှာ အနာရွတ်မရှိတဲ့အတွက် စိတ်ပူစရာ ဘာမျှမရှိပါ။ ခွဲမွေးထားသူမှာ သားအိမ်မှာချုပ်ရိုးကြောင်းရှိနေတဲ့အတွက် မွေးဖွားစဉ် ချုပ်ရိုးကြောင်းကွဲနိုင်သော အန္တရာယ်ရှိပါတယ်။

နောက်ဆက်တွဲ မီးယပ်ပြသနာများ

ခွဲမွေးတဲ့အခါမှာ ၃ကြိမ်ထက်ပိုမခွဲသင့်တဲ့အတွက် သားကြောဖြတ်ရပါတယ်။ အသက် ငယ်ငယ်နှင့်သားကြောဖြတ်ဖြစ်ရင် သားအိမ်မှာ အသားလုံး သွေးလုံးစတာတွေ ဖြစ်လာတတ်ပါတယ်။ လိုအပ်လို့ခွဲစိတ်တဲ့အခါမှာ အရင်ချုပ်ရိုးကြောင်းများကြောင့် အခက်အခဲများ ဖြစ်စေတတ်ပါတယ်။

ကျွမ်းကျင်တဲ့ဆရာဝန်ဆရာမများနဲ့တိုင်ပင်ဆွေးနွေးလို့ အကောင်ဆုံးနည်းလမ်းကို ရွေးပြီး ကျန်းမာသော မိခင်မှ ကျန်းမာတဲ့ရင်သွေးငယ်ကို အန္တရာက်ကင်ရှင်းစွာ မွေးဖွားနိုင်ကြ ပါစေ။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.