
အဝတ်အထည်အားလုံးဟာ သန့်ရှင်းစွာလျှော်ဖွတ်မီးပူတိုက်ထားပြီ လုံခြုံစွာသိမ်းထားရပါမယ်။အထူးသဖြင့် ကလေး အသုံးဆောင် အဝတ်အထည်များကို ပရုပ်လုံး မသုံးရပါဘူး။ ပစ္စည်းများအားလုံးကို ဆေးရုံးသွား လျှင် ယူသွားရန် အိတ်တွင် အဆင်သင့်ထည့်ထားရပါမယ်။ မိခင် အသုံးအဆောင်ပစ္စည်းများနှင့် ကလေး အသုံးအဆောင်ပစ္စည်များ သီးခြားအိတ်ဖြစ်သင့်ပါတယ်။
သင် (မိခင်) အတွက် ဘာတွေလိုမလဲ။
ဗိုက်နာနေစဉ်နဲ့ မီးဖွားပြီး လိုအပ်မဲ့ အသုံးဆောင် အဝတ်အထည်များ
၁။ ဗိုက်နာနေစဉ်ဝတ်ဖို့ အလွယ်တကူ ဝတ်နိုင် ချွတ်နိုင်တဲ့ အပူအအေးမျှတတဲ့ အဝတ်အစားဖြစ်ဖို့ လိုပါတယ်။
၂။ မွေးပြီး ရင်သွေးလေးအား နို့တိုက်ရန် သားမြတ်များ နို့ရည်ဖြင့်တင်းလာပြီး ပိုမို ကြီးလာမည်ဖြစ်ပါတယ်။ နို့ရည်ဖြင့်ပြည့်နေသော သားမြတ်အား ဘရာစီယာဖြင့်ထိမ်း မထားသင့်ပါသည်။ ကြီးလာမည့် သားမြတ်နှင့်တော်နေစေရန် နဂိုလ် ဝတ်နေကျ ဘရာစီယာထက် အရွယ်ကြီးသော ဘရာစီယာများ ဖြစ်ရပါမည်။ ကြပ်သော ဘရာစီယာဖြစ်ပါက နို့ထွက်နည်းစေတတ်ခြင်း၊ နို့ပြီန်များအပေါ်ဖိမိပါက နို့ချောင်းပိတ်ခြင်းများဖြစ်တတ်ပါတယ်။ နို့တိုက်ရလွယ်ကူစေတဲ့ နို့တိုက်မိခင်ဝတ် ဘရာစီယာဖြစ်လျှင် ပိုကောင်းပါတယ်။ နို့သက်လာလျှင် ဘရာစီယာနှင့် အင်္ကျီများမစိုစေရန် ဘရာစီယာအတွင်းမှခံသော တစ်ခါသုံး Breastpad လည်းလိုအပ်ပါတယ်။
၃။ ရေစုပ်လွယ်တဲ့ ချည်သား ထမိန်များ ၅ထည်ခန့် လိုပါတယ်။ ဗိုက်နာနေစဉ် ရေမြွှာရည်များ၊ သွေးများ စိုလျှင် လဲလှယ်ရန်လိုပါတယ်။ သွေးဆင်းလျှင်မြင်သာ သိသာလွယ်ရန် အရောင်နုလျှင် ပိုကောင်းပါ သည်။ သန့်ရှင်းစွာလျှော်ဖွတ်ထားဖို့လိုပါသည်။
၄။ ဗိုက်နာနေစဉ် ချွေးသုတ်ရန် ရေစုပ်သော ချည်သားမျက်နှာသုတ်ပုဝါအသေးများလိုအပ်ပါတယ်။ ဒါမှမဟုတ် Wet tissue or snow towel များလိုအပ်ပါတယ်။
၅။ မွေးဖွားပြီးလျှင် မီးနေသွေးများ မပေစေရန် တစ်ခါသုံး Sanitary Pad များလည်းလိုအပ်ပါတယ်။ အရွယ် အစားကြီးပြီးထူသော အမျိုးအစား (Maternity Pad) ဖြစ်လျှင် ပိုကောင်းပါတယ်။ ခါးဆီးကြိုးနဲ့သုံးတဲ့ Sanitary Pad ဖြစ် လျှင် ပိုကောင်းပါတယ်။
၆။ Sticker ပါတဲ့ Sanitary Pad မျိုးဖြစ်လျှင် အတွင်းခံဘောင်းဘီလိုပါမယ်။ တစ်ခါသုံးဘောင်းဘီများ ဖြစ်လျှင် လျှော်ရသက်သာမည်ဖြစ်ပါတယ်။
၇။ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်စသည့် အိပ်ယာသုံးပစ္စည်းများကို သန့်ရှင်းစွာ လျှော်ဖွတ် ပြင်ဆင်ထားရပါမယ်။ မီးနေသွေးဖြင့်ပေနိုင်သောကြောင့် အိပ်ယာခင်းအပို ရှိရပါမယ်။
၈။ ကလေးနို့တိုက်ရာတွင် အဆင်ပြေစေရန် လိုအပ်လျှင် အသုံးပြုရန် နို့တိုက်ခေါင်းအုံး လိုအပ်ပါသည်။
၉။ အိပ်ယာမပေစေရန် ပလပ်စတစ် အခင်း သို့မဟုတ် တစ်ခါသုံး Bed-guard များလိုအပ်ပါတယ်။ မွေးပြီးတဲ့အခါ သွေးဆင်းအနည်းအများကို အလွယ်တကူ စောင့်ကြည့်နိုင်ပြီး သန့်ရှင်းစွာ ထားနိုင်ပါတယ်။ တစ်ခါသုံး Bed-guard များကို သုံးခြင်းဖြင့် လျှော်ဖွတ်ရန်မလိုဘဲ၊ စွန့်ပစ်နိုင်ပါတယ်။ အိပ်ယာခင်းကို မပေစေနိုင်ခြင်း၊ ပေလျှင်လည်း အနည်းငယ်မျှသာဖြစ်သဖြင့် လျှော်ဖွတ်ရ လွယ်ကူ သက်သာ စေပါတယ်။
၁၀။ မီးတွင်းမှာ ဆပ်ပြာမကိုင်ရဘူး၊ ထုံတတ်၊ ကျဉ်တတ်တယ်ဆိုတဲ့ ရှေးရိုးအယူအဆများရှိပါတယ်။ အဲ့ဒီအယူအဆဟာ လွဲမှားနေပါတယ်။ မီးတွင်းမှာ ထုံခြင်၊ ကျဉ်ခြင်၊ အောက်ပိုင်းချည့်နဲ့သွားပြီး လမ်းမ လျှောက်နိုင်တော့ခြင်းများဟာ မီးတွင်းမှာ မလိုအပ်ဘဲ အစားရှောင်ခြင်းများကြောင့် ဗီတာမင် ဘီဝမ်း ဓါတ်ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။ ဘယ်ရီဘယ်ရီ ရောဂါလို့ခေါ်ပါတယ်။ ဆပ်ပြာကြောင့် မဟုတ်ပါ။ မိုးရေကြောင့်လည်းမဟုတ်ပါ။ အဟာရပြည့်အောင် အစုံစားပါ။ မိခင်ရော၊ စောင့်ရှောက်မှုပေးမည့် သူများပါ တစ်ကိုယ်ရေ သန့်ရှင်ရေး ဂရုစိုက်ရပါမယ်။ ကလေးကိုကိုင်တိုင်း မကိုင်မီ လက်ကို ဆပ်ပြာ နှင့် သေသေချာချာ ဆေးရပါမယ်။
ကလေးအတွက် ဘာတွေလိုမလဲ။
ကလေးမမွေးခင် ကလေးအသုံးအဆောင်ပစ္စည်းများ မပြင်ဆင်ထားသင့်ဘူးဆိုတဲ့ ရှေးရိုးအယူအဆများ ရှိခဲ့ပါ တယ်။ အဲ့ဒီ အယူအဆဟာ အကျိုးမရှိဘဲ အန္တရာယ်ဖြစ်စေပါတယ်။ သန့်ရှင်းတဲ့ အဝတ်အစား အသုံး အဆောင်များ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ အရေးပေါ် ဝယ်ယူသုံးစွဲတဲ့အခါ ကိုယ်ခံအားနည်းသေးတဲ့ မွေးကင်းစကလေးလေးကို ပိုးဝင်စေပြီး အန္တရာယ်ဖြစ်စေမှာပါ။ မိမိရင်သွေးလေးအပေါ် မေတ္တာစိတ်ထားပြီး လိုအပ်မှာလေးတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ကဲ - ဘာတွေလိုမလဲ။
၁။ ကလေးမွေးမွေးချင်း သုတ်သင် သန့်ရှင်းရန် ဆေးရုံက ပိုးသတ်ထားသော ပစ္စည်းများသာ အသုံးပြုမှာ ဖြစ်ပါတယ်။ အိမ်မှယူခဲ့ရန်မလိုပါ။
၂။ ကလေးကိုသုတ်သင်သန့်ရှင်းပေးပြီးရင် ဝတ်ရန်၊ ပေါပါးပြီး ရာသီနှင့်မျှတသော အသားများနှင့်ချုပ်ထား သော မွေးကင်းစကလေး အင်္ကျီးများဖြစ်ရပါမယ်။ ဝတ်ရ ချွတ်ရလွယ်ရပါမယ်။ ကလေးဖိမိရင် နာနိုင် သော ကြယ်သီးများ နှိပ်စေ့များမပါစေရပါ။ ကြိုးချီ အင်္ကျီများဖြစ်သင့်ပါတယ်။ လက်တို အင်္ကျီ၊ လက်ရှည် အင်္ကျီ ၂မျိုး လိုပါတယ်။ အေးတဲ့ရာသီဖြစ်ခဲ့ရင် နွေးမဲ့ အဝတ်အစားမျိုးလိုပါလိမ့်မယ်။
၃။ မွေးမွေးချင်း ကလေးအအေးမိစေရန် ကလေးရဲ့ဦးခေါင်းကို ဦးထုပ်လေးဆောင်းပေးထားသင့်ပါတယ်။ Elasticity ရှိတဲ့ ဆွဲသားမျိုး နဲ့ချုပ် ထားတဲ့ဦးထုပ် သို့မဟုတ် သိုးမွေးဦးထုပ်လေးတွေဖြစ်သင့်ပါတယ်။ အနွေးဓါတ်ပေးရုံသာမက ကလေးရဲ့ ဦးခေါင်းလေး လုံးဝိုင်းစေဖို့ ကူညီပါတယ်။ အထူးသဖြင့် မိခင်ရဲ့ မီးဖွားလမ်းကြောင်းက တိုးထွက်လာရတဲ့ ကလေးများရဲ့ ဦးခေါင်းလေးဟာ ဝိုင်းမနေဘဲ ရှည်နေတတ်ပါ တယ်။ ဦးခေါင်ခွံ အရိုးလေးတွေ မဆက်သေးတော့ ၂၄ နာရီအတွင်း ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။ ဦးထုပ်လေး ဆောင်းပေးထားရင်တော့ ကလေးခေါင်းလေး လှလှလေးပြန်ဖြစ်စေရာမှာ အထောက်အပံ့ ဖြစ်စေပါ တယ်။
၄။ ကလေးရဲ့လက်သည်းလေးတွေနဲ့ ခြစ်မိတတ်တဲ့အတွက် လက်ကလေးတွေကို လက်အိတ်စွပ်ပေး ထား ဖို့ လိုပါတယ်။ ချေဖဝါးလေးတွေ မအေးနေစေဖို့ ချေစွပ်လေးတွေလဲ စွပ်ပေးထားဖို့လိုပါတယ်။ ဝယ်ထားပြီးလျှော်ဖွတ်သန့်ရှင်းထားဖို့လိုပါတယ်။
၅။ မွေးကင်းစကလေးများအတွက် သေးခံဘောင်းဘီ (Disposable Nappies or Diaper) များလည်း လိုပါတယ်။ သေးစုတ်ပြီး ကလေးကို မပွန်း၊ မလောင်နိုင်တဲ့ Nappies လေးတွေကို ရွေးချယ်ပြီး ဝယ်ထားဖို့လိုပါတယ်။ ကလေး အသားမလောင်အောင် မပွန်းအောင် လိမ်းဖို့ Diaper rash cream လေးလည်း ဝယ်ထားရပါမယ်။ ချက်မကြွေသေးတဲ့ကလေးအတွက် သတိထားရပါမယ်။
၆။ သေးခံဘောင်းဘီအပေါ်က ထပ်ဝတ်ဖို့ ဘောင်းဘီလေးတွေလိုပါသေးတယ်။
ရ။ သေးခံဘောင်းဘီ (Disposable Nappies or Diaper) မသုံးလိုတဲ့ မေမေတွေအတွက် ကလေးအောက် မှာ ခံဖို့ Plastic အခင်း သို့မဟုတ် အရည် စိမ့်မပေါက်နိုင်တဲ့အခင်းလိုပါတယ်။ အဲ့ဒီအခင်းတွေက ကလေးကို ပူမှာစိုးရင် အရည်စုပ်တဲ့ ချည်သား သေးစောင်များ ထပ်ခင်းဖို့လိုပါတယ်။ လျှော်ဖွတ်လွယ်ရ ပါမယ်။
၈။ ကလေးအနှီးကတော့ သာမန်ရာသီမှာ သေးစုတ်နိုင်တဲ့ချည်သားများဖြစ်ရပါမယ်။ အေးတဲ့ဒေသတွေမှာ တော့ နွေးတဲ့ ဖလန်နယ် အနှီးမျိုးလိုပါလိမ့်မယ်။ လေးထောင့်ကျကျ ဖြစ်ရပါမယ်။ အနည်းဆုံးတစ်ကိုက် အနံရှိရပါမယ်။ ထွားတဲ့ကလေးများအတွက်တော့ တစ်ကိုက်ထက်ပိုကြီးသော အနှီးများလိုပါလိမ့်မယ်။ ခဏခဏ သေးစိုတတ်တဲ့အတွက် အနှီးများများလိုပါတယ်။ပုရွတ်ဆိပ်စတဲ့ ပိုးကောင်များကို မြင်သာ လွယ်အောင် အဆင်မပါတဲ့ အဖြူရောင် အနှီးများဖြစ်ရပါမယ်။ ချည်သားစစ်စစ်ဖြစ်ပြီး အနားမှ ကြိုးစများ မထွက်စေရန် အနားသေးသေး လုံးထားရပါမယ်။ အနားလုံးတာကြီးရင် ကလေးကိုဖိမိတတ်ပါတယ်။ အနားလုံးပြီးရင်တော့ ပိုးမွှားများကင်စင်ဖို့နဲ့ ပိတ်စအသစ်မှာပါနေတဲ့ကော်တွေ ပြောင်သွားပြီး ပိတ်စ အသားလေးပြော့ပြောင်းစေဖို့ လျှော်ဖွတ်ပြီး မီးပူတိုက်ထားရပါမယ်။ အသင့်သုံးအနှီးများ ဝယ်ယူသုံးစွဲ မည်ဆိုပါက အရေးပေါ်အခြေအနေကလွဲ၍ မလျှော်ဘဲမသုံးပါနှင့်။ ပိုးသတ်ထားပြီးသားဟုရေးထားပါစေ ပြန်လျှော်သင့်ပါတယ်။
၉။ ကလေးမျက်နှာသုတ်ရန် သန့်ရှင်းတဲ့ ဂွမ်းလုံးနဲ့ ချည်သားမျက်နှာသုတ်ပုဝါ နုနုလေးများလိုအပ်ပါတယ်။ မျက်နှာသစ်တဲ့အခါ ရေထည့်သုံးဖို့ သန်ရှင်းဆေးကျောရလွယ်တဲ့ ဇလုံသေးသေးလေးလည်းလိုပါတယ်။ ချီးသေးသုတ်သင်ရန် သုံးမဲ့ဇလုံလေးနဲ့တော့ အရောင်ခွဲထားပေါ့။
၁၀။ ကလေးသေး၊ ချီးစသည်မှားသုတ်သင်ရန် သန့်ရှင်းတဲ့ ဂွမ်းလုံးလေးများကို သန့်ရှင်းပြီး ဖွင့်ရ၊ ပိတ်ရလွယ်တဲ့ ဘူးလေးနဲ့ထည့်ထားရပါမယ်။ သန့်ရှင်းရေးလုပ်ရာမှာသုံးဖို့ ဇလုံလေးလည်းလိုပါတယ်။ မျက်နှာသစ်ရာမှာသုံးတဲ့ ဇလုံနဲ့ သိသိသာသာခွဲလို့ရတဲ့ အရောင်မတူတာသုံးပေါ့။
၁၁။ သန့်ရှင်းတဲ့ရေနှင့်သန့်ရှင်းတဲ့ဂွမ်းလုံးကို သုံးပြီးသန့်ရှင်းပေးတာ အကောင်းဆုံးပါ။ wet tissue ရေစို ဝတ်ကိုလည်း သုံးနိုင်ပါတယ်။ ရေအပြင် အမွေးနံ့များနှင့်အခြား ဓါတ်များမပါတာ(Non-scented wet tissue) ကို ရွေးချယ်သင့်ပါတယ်။
၁၂။ ကလေးခေါင်းအုံး၊ ဖက်လုံး၊ အိပ်ယာ၊ ခြုံစောင်၊ ချင်ထောင်များ လည်း လိုအပ်ပါတယ်။ အသင့်သုံးပစ္စည်း များ ဝယ်ယူသည်ဖြစ်စေ၊ မိမိဘာသာချုပ်သည်ဖြစ်စေ၊ ယခင်ကလေး အသုံးအဆောင်များ ပြန်သုံးသည် ဖြစ်စေ သန့်ရှင်းအောင် လျှော်ဖွတ်ထားရပါမယ်။
၁၃။ ဆေးရုံမှာ ကလေး ကုတင်ပေးမှာဖြစ်တဲ့အတွက် ယူသွားရန်မလိုပါဘူး။
၁၄။ အိမ်ပြန်ရောက်ရင် ကလေးကို မိဘနဲ့အိပ်ယာတစ်ခုထဲမှာ အတူတူသိပ်မလား (Bedding-in)။ တစ်ခန်းထဲမှာ ကလေးအိပ်ယာ သီးခြားသိပ်မလား(Rooming-in)။ အခန်းသီးခြားသိပ်မလား ဆုံးဖြတ်ပြီး ပြင်ဆင်ထားရပါမယ်။ ဘယ်အချက်တွေ ထည့်စဉ်းစားမလဲ သီးခြားအခန်းမှာ ဖတ်ကြည့်ပြီး ပြင်ဆင် ထားပါ။
၁၅။ မွေးကင်းစကလေးလေးဟာ နုနယ်ပြီး ကိုယ်ခံအားနည်းသေးတဲ့အတွက် မလိုအပ်ရင် ကလေးကို မကိုင်တွယ်သင့်ပါဘူး၊ ကလေးကို ကိုင်တွယ်မည့်သူများကလည်း လက်ကို သေသေချာချာ ဆေးရပါ မယ်။ မဆေးနိုင်ရင် လက်သန့်ဆေးရည် (Hand Sanitizer) ကို သုံးရမှာဖြစ်ပါတယ်။ လက်သန့်ဆေး ရည် (Hand Sanitizer)ဘူးလည်း ဝယ်ထားရပါမယ်။