
ကလေးမေွးပြီးစ အမျိုးသမီးများရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြောင်းလဲခြင်းမှာ ရင်သားပြောင်းလဲခြင်း ဟာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ရင်သားဖွ့ံဖြိုးခြင်းဟာ မေွးဖွားလာမယ့် ကလေးငယ်အတွက် အဆင်သင့် ဖြစ်စေဖို့ ကိုယ်ဝန်ရှိစဉ်ကပင် ပြောင်းလဲမှု ဖြစ်လာပါတယ်။ ရင်သားဟာ အဆီတစ်သှျူးနဲ့ ဆက်သွယ်ရေး တစ်သှျူးတို့ ဖွဲ့စည်းထားပြီး ကလေးငယ်အတွက် နို့ချိုထွက်ရှိတဲ့ အရာဖြစ်ပါတယ်။
ကလေးများ နို့စို့တဲ့အတွက် ရင်သားဟာ ရှုံ့တွသွားပြီး နို့ကြောပြတ်တဲ့ အရာများကို တေွ့ရတတ်ပါတယ်။ ရင်သားပုံပျက်ပြီး တွဲရွှဲကျနေခြင်းဟာ အလှအပကို လျော့နည်းစေပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်မှျတမှု မရှိတဲ့အတွက် ပြုပြင်ရမယ့် အကြောင်းတစ်ရပ် ဖြစ်ပါတယ်။
အာ့လိုအမျိုးသမီးများက ရေကူးခြင်းနဲ့ ပခုံး ရင်ဘတ် ကြွက်သားများ သန်မာစေတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးသင့်ပါတယ်။ ဘော်လီ မဝတ်သင့်ပါ။ ဘရာစီယာ ၀တ်သင့်ပါတယ်။ အမျိုးသမီး ဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင် ဟော်မုန်းဓာတ်ကို တိုးပွားစေတဲ့ ဆေးဘက်ဝင် အပင်များကို စားသုံးသင့်ပါတယ်။
Ref;ရီရီဌေး(ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက်ဆောင်ရန် ရေှာင်ရန် )