Happy Pigs Breast Pump နို့ရည်ညှစ်စက်လေးဟာ အီလက်ထရောနစ်နည်းပညာကို အသုံးပြုပြီးမိခင်နို့ရည်ကို သက်တောင့်သက်သာနဲ့ အလွယ်တကူထုတ်ယူနိုင်တဲ့ စက်လေးဖြစ်ပါတယ်။ မိခင်နို့ရည်သာအကောင်းဆံုးမို့လို့ ရုံးတက်ရတဲ့မေမေတွေလည်း ကလေးတွေအတွက် မိခင်နို့ရည်တိုက်ကျွေးနိုင်စေဖို့ဆိုရင် နို့ညှစ်စစ်ေလးအသုံးပြုပြီး နို့ညှစ်ထားခဲ့နိုင်လို့ ကလေးေရာမိခင်အတွက်ပါ အဆင်ပြေစေပါတယ်။ မေမေတို့နို့ညှစ်တဲ့အခါ ရင်သားတွေမနာကျင်အောင် ပျော့ပျောင်းတဲ့ဆီလီကွန်ကာဗာလေး ပါရှိပြီး BPA free နို့ဘူးလေးနဲ့ဆိုတော့ ပိုလို့အဆင်ပြေတာပေါ့။ PP & Silicon နဲ့ပြုလုပ်ထားပြီး တရုတ်ပြည်တွင်းအသိအမှတ်ပြု လက်မှတ်ရထားလို့ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။
အသုံးပြုပုံ
နို့ညှစ်စက်ကို Power bank နဲ့ဖြစ်စေ Adaptor ခေါင်းနဲ့ဖြစ်စေ ချိတ်ဆက်ပြီးအသုံးပြုနိုင်ပါတယ်။ နို့ရည်စုပ်အား အနှေးအမြန်ကိုလည်း မိမိလိုအပ်သလို အသုံးပြုနိုင်ပါတယ်။ နို့ရည်ကိုနို့ဘူးထဲထည့်ပြီး သန့်ရှင်းစွာသိမ်းဆည်းထားနိုင်ပါတယ်။
သတိပြုရန်
နို့ညှစ်စက်ကိုအသုံးပြုပြီးတာနဲ့ သေချာစွာ ဆေးကြောသန့်စင်ပေးပြီး နို့ဘူးကိုပေါင်းစက်ဖြင့် ပိုးသတ်နိုင်တယ်။ လေစုပ်ပိုက်နဲ့ဆီလီကွန်ပစ္စည်းများကိုတော့ ပွတ်ပွတ်ဆူနေသောရေနွေးနဲ့ ပြုတ်ပြီးမဆေးကြောသင့်ပါဘူး။ သန့်စင်ထားတဲ့နို့ညှစ်စက်ကို ရေခြောက်သွေ့အောင်သုတ်ပြီး ခြင်၊ယင်မနားတဲ့နေရာမှာ သိမ်းဆည်းထားနိုင်ပါတယ်။
- မိခင်နို့ရည်ညှစ်စက်
- Single / Electronic နှင့်အသုံးပြုနိုင်ခြင်း
- သယ်ဆောင်ရလွယ်ကူခြင်း
- Weight- 145g
- ပစ္စည်းများကို အလွယ်တကူဖြုတ်၊ တပ်လို့ရခြင်း
- No Warranty
- Made in China
Code: 6933939808819
tracker id: 27 #8521