
အမှန်တကယ် နို့ထွက်နည်းစေနိုင်တဲ့ အကြောင်းရင်းတေွအနက် အများစုဟာ ပြုပြင်လို့ရတဲ့ အကြောင်းရင်းများ ဖြစ်ပါတယ်။ အဲဒါတေွက -
(၁) မေွးဖွားပြီး မိခင်နို့်စတင်တိုက်ကျေွးတဲ့အချိန် နောက်ကျခြင်း
(၂) နို့တိုက်ကျေွးတဲ့အကြိမ် နည်းခြင်း၊ ညဘက် နို့မတိုက်ခြင်း
(၃) နို့တိုက်ကျေွးတဲ့အချိန်တိုခြင်း
(၄) နို့တိုက်စဉ် အမေနှင့်ကလေး အနေအထားမမှန်တဲ့အတွက် စို့နိုင်စွမ်းနည်းခြင်း
(၅) နို့ဘူးတွဲပြီးတိုက်ခြင်း၊ ချိုလိမ်ပေးထားခြင်း
(၆) အဖတ် (ထမင်း၊ အာဟာရမှုန့်၊ ငှက်ပျောသီး စသည်) ကျေွးခြင်း
(၇) မိခင်ဟာ မိမိကိုယ်မိမိ နို့တိုက်နိုင်လိမ့်မည်ဆိုတဲ့ ယုံကြည်မှုနည်းနေခြင်း
(၈) ပူပင်သောက ဖြစ်နေခြင်း၊ စိတ်ပင်ပန်းခြင်း၊ လူပင်ပန်းနွမ်းနယ်ခြင်း
(၉) နို့တိုက်လိုစိတ်မရှိခြင်း တို့ဖြစ်ပါတယ်။
ပြုပြင်လို့ရတဲ့ နို့ထွက်နည်းစေတဲ့ အကြောင်းအရင်း အနည်းစုကတော့
(၁) သန္ဓေတားဆေး (အီစထရိုဂျင် ပါသောအမျိုးအစားအချို့) သောက်သုံးခြင်း။ (အမျိုးအစားပြောင်းပြီးသောက်နိုင်ပါတယ်။)
(၂) နောက်တစ်ကြိမ် ကိုယ်ဝန်ရှိလာခြင်း။ (ကိုယ်ဝန်မနီးအောင် သင့်လျော်တဲ့ တားဆေးကို မှီဝဲနိုင်ပါတယ်)
(၃) အပြင်းအထန် အာဟာရချို့တဲ့ခြင်း။
(၄) ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း။
(၅) ရင်သားမဖွံ့ဖြိုးခြင်း (အလွန်ရှားပါတယ်)
(၆) ကလေးမကျန်းမာခြင်း
(၇) ကလေးတွင် မေွးရာပါ ကိုယ်အင်္ဂါ ချို့ယွင်းမှု (ဥပမာ - အာခေါင်ကွဲ) ရှိနေခြင်းတို့ဖြစ်ပါတယ်။
Ref: ဒေါက်တာလှကြည်၏ ရင်သေွးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကောက်နုတ်ဖော်ပြသည်။