
ကိုယ်ဝန်ရှိစအချိန်တွင် အထူးဂရုစိုက်ရမည့်သူများအုပ်စုတွင် မပါသော်လည်း ကိုယ်ဝန်တစ်လျှောက်၊ မီးဖွားချိန်နှင့်မီးတွင်းကာလများတွင် အထွေထွေကျန်းမာရေးနှင့် ပတ်သက်သော ပြသနာများ၊ ကိုယ်ဝန်နှင့်ပတ်သက်သော ပြဿနာများ၊ သားအိမ်ထဲရှိ ကလေး ကြီးထွားမှုနှင့် သူ၏ကျန်းမာရေးနှင့် ပတ်သက်သော ပြဿနာများ အချိန်မရွေး ပေါ်နိုင်ပြီး အထူးဂရုစိုက်ရမည့် အုပ်စုထဲသို့ ပြောင်းလဲရောက်ရှိသွားနိုင်ပါသည်။
သတ်မှတ်ထားတဲ့အတိုင်း ပုံမှန် စောင့်ရှောက်မှု တွေကို မပျက်မကွက် ခံယူနေရက်နဲ့ အန္တရာယ်တွေ အချိန်မရွေး ဖြစ်တတ်ပါတယ်။ ခင်ပွန်းသည် အပါအဝင် မိသားစုဝင်တွေဟာ ကိုယ်ဝန်ဆောင်မေမေနဲ့ အနီးကပ်နေနေတဲ့သူများဖြစ်ပါတယ်။ အရေးပေါ်ပြဿနာများဖြစ်လာတဲ့အခါမှာ အနီးမှာရှိနေတဲ့ မိသားစုဝင်တွေရဲ့ စောင့်ရှောက်မှုဟာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေထက် အရေးကြီးပါတယ်။ မိသားစုဝင်တွေရဲ့ စောင့်ရှောက်မှုကောင်းပါမှ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေဆီ အချိန်မှီရောက်နိုင်ပါမှာ။ အန္တရာယ်ဖြစ်နိုင်တဲ့ အရေးကြီးတဲ့လက္ခဏာတွေကို မိသားစုဝင်များတွေ နားလည်ထားပြီး ကိုယ်ဝန်ဆောင်မေမေဆီမှာ ကျရောက်တော့မယ်၊ ကျရောက်နေပြီဆိုတာ အစောဆုံး သိရှိဖို့လိုပါတယ်။ အရေးပေါ်လိုအပ်ရင်လာရင် ဘယ်နေရာ၊ ဘယ်ဆေးရုံကို သွားရမယ်-ဆိုတာတွေကိုပါသိထားဖို့လိုပါတယ်။ ဘယ်လို အမြန်ဆုံးရောက်အောင် သွားမယ်- ဆိုတာ လည်း ပြင်ဆင်ထားဖို့လိုပါတယ်။ အရေးပေါ်အခြေအနေများအတွက် ကြိုတင် ပြင်ဆင် ထားခြင်းများ ပြုလုပ်ထားရပါမယ်။
အရေးပေါ်ပြရန် လိုအပ်တဲ့ ကိုယ်ဝန် တတိယ ၃ လရဲ့ အန္တရာယ်လက္ခဏာများကို ခင်ပွန်း သည်နှင့် မိသားစုဝင်များ သိထားဖို့လိုပါတယ်။
