
ရိုးကွင်း အထွက်မှာ အရှေ့ဘက် ဆီးခုံရိုးကနေ အနောက်ဘက် မြီးညှောင့်ရိုး၊ တင်ပဆုံရိုးတို့နဲ့ ဆက်ထားတဲ့ ကြွက်သားအလွှာများရှိပါတယ်။ ဆီးသွားလမ်းကြောင်း၊ မိန်းမကိုယ်လမ်းကြောင်း (မွေးလမ်းကြောင်း) မွေးလမ်း ကြောင်းနဲ့ အစာဟောင်းလမ်းကြောင်တို့ဟာ အဲ့ဒီ ကြွက်သားများကို ဖြတ်ပြီး ထွက်လာကြတာပါ။ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေး မွေးဖွားစဉ်မှာ အဲ့ဒီ ကြွက်သားများဟာ ဒါဏ် အများကြီးခံရပါတယ်။ အထူးသဖြင့် ဒုတိယအဆင့်မှာ ကလေးကို ညှစ်ထုပ်တဲ့အချိန်မှာ အဲ့ဒီကြွက်သာများ လျော့ရဲ အားနည်းသွား စေတတ်ပါတယ်။ ဒီကြွက်သားတွေ ပြန်သန်မာလာစေဖို့ လေ့ကျင့်ခန်းများလုပ်လို့ရပါတယ်။
အဲ့ဒီလေ့ကျင့်ခန်း တွေဟာ မွေးလမ်းကြောင်း ကြွက်သားများ သန်မာလာစေတဲ့အပြင် ဆီးအိမ်နဲ့ ဆီးသွား လမ်းကြောင်းကိုလည်း ပြန်ပြီး သန်မာလာစေပါတယ်။ ဆီးမလုံတဲ့ပြသနာကိုလည်း ပျောက်ကင်းစေပါတယ်။ အစာဟောင်းအိမ်လမ်းကြောင်းကိုလည်း သန်မာလာစေပါတယ်။
သားအိမ်ကျခြင်း၊ ဆီးအိမ်ကျခြင်းနဲ့ ချီးအိမ် ကျခြင်းကိုလည်း ကာကွယ်စေပါတယ်။ အိမ်ထောင်နဲ့ဆက်ဆံရာမှာလည်း ပိုအဆင်လာစေပါတယ်။ ဒီလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အမျိုးသားများ လုပ်ပါက လိင်ဆက်ဆံရာမှာဖြစ်တတ်တဲ့ erectile dysfunction ကိုလည်း သက်သာစေပါတယ်။ အမျိုးသမီးရော အမျိုးသာများပါ အကျိုးရှိစေပါတယ်။

Pelvic floor exercises ဘယ်လို လုပ်မလဲ?
