
ဒုတိယ ၃လမှာတော့ သားအိမ််လေးက ရိုးကွင်း အပေါ်ရောက်သွားပြီး ဆီးအိမ်အပေါ် ဖိအားနည်း သွားတဲ့ အတွက် ဆီးခဏခဏပေါက်ရသေးသော်လည်း သက်သာလာပါတယ်။ ပက်လက် အနေအထားမှာ ရင်သွေးလေးနဲ့ သားအိမ်ဟာ ကျောက်ကပ်ကထွက်တဲ့ ဆီးတွေကို ဆီးအိမ်ဆီ သယ်လာတဲ့ ဆီးသွားလမ်းကြောင်း Ureter အပေါ် ဖိထားတဲ့အတွက် ဆီးစီးဆင်းမှုကို နှေးကွေးစေပြီး ဆီးသွား လမ်းကြောင်း ပိုးဝင်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဆီးသွားလမ်းကြောင်း အပေါ်ပိုင်းအထိ ပိုးဝင်ပြီး ကျောက်ကပ်ရောင်လျှင် တုံချမ်းပြီးအဖျာတက်ခြင်း၊ ကျောက်ကပ်ရှိရာ ခါးတစ်ဘက် တစ်ချက်က နာခြင်းများ ဖြစ်တတ်ပါတယ်။ လမစေ့ဘဲ မွေးတတ်ပါတယ်။ ကလေးကြီး ထွားမှုနှေးကွေးစေတတ်ပြီး ပေါင်မစေ့သောကလေး မွေးတတ်ပါတယ်။
တချို့ ကိုယ်ဝန်ဆောင်များမှာ ဆီးမထိမ်းနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
လိုက်နာဆောင်ရွက်ရန်
ကိုယ်ဝန်ကာလတွင် ဆီးခဏ ခဏ သွားပြီး နာခြင်း ကျဉ်ခြင်းရှိရင် ဆရာဝန်နှင့်ပြပါ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်လျှင် ကိုယ်ဝန်ကို ထိခိုက်နိုင်ပါတယ်။ လမစေ့ဘဲမွေးတတ်ပါသည်။ ဆေးကုသမှု ခံယူဖို့လိုပါတယ်။
ပက်လက်အိပ်ခြင်းကို ရှောင်ကြဉ်ပါ။ ဘေးစောင်းအိပ်ပါ။ ဆီးမအောင်းထားပါနှင့်။
ဆီးထိမ်းနိုင်အောင် ရိုးကွင်း အထွက် မိန်မကိုယ်အဝမှာရှိတဲ့ ကြွက်သား လေ့ကျင့်ခန်း (Pelvic floor exercises or Kegel exercise) ကို လုပ်ပါ။
