
ကိုယ်ဝန်တလျှောက်လုံးမှာ အဖြူဆင်းတာ များတတ်ပါတယ်။ မွေးခါနီးမှာ ပိုဆင်းတတ်ပါတယ်။ မကြာခဏ သန့်ရှင်းပေးဖို့လိုပါတယ်။ ယားခြင်း၊ နံခြင်းများဖြစ်လျှင် ပိုးဝင်ခြင်းဖြစ်လို့ ဆေးကုဖို့ လိုပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှုပေးသူကို ပြောပြပါ။ ကုသမှုခံယူပါ။
ဆင်းသောအဖြူသည် အရည်ကျဲဖြစ်ပြီး များပါက ရေမွှာရည်ဆင်းတာဖြစ်နိုင်ပါသည်။ ကျန်းမာရေး စောင့်ရှောက်မှုပေးသူကို အကြောင်းကြားပါ။ သို့မဟုတ် ဆေးရုံသို့သွားပါ။
