
ကိုယ်ဝန်စရှိပြီဆိုတာနှင့် ရာသီလာရမယ့်အစား အဖြူဆင်းတယ်လို့ပြောလေ့ရှိပါတယ်။ ကိုယ်ဝန်ရဲ့ ဟော်မုန်းအပြောင်းအလဲများနှင့် သားအိမ်ကို သွေးသွားသွေးလာများလာတဲ့အတွက် အဖြူဆင်းတာ များလာရခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်တစ်လျှောက်လုံးမှာလည်း အဖြူဆင်းတာ များတတ်ပါတယ်။ မွေးခါနီးမှာ ပိုဆင်းတတ်ပါတယ်။ ပုံမှန်အားဖြင့် ယားခြင်း၊ နံခြင်း၊ ဆီးကျင်ခြင်းများနှင့်တွဲလေ့မရှိပါ။ မကြာခဏ သန့်ရှင်းပေးဖို့လိုပါတယ်။ မိမိသဘောနှင့် ပဋ္ဋိဇီဝ ဘက်တီးရီးယားများကိုသေစေသော ပိုးသတ်ဆေးများသောက်ပါက မိန်းမကိုယ်အတွင်းရှိ ဘက်တီးရီးယားများသေကုန်သဖြင့် မက်ခရုခေါ် မှိုပိုး (Candidiasis) များပွားများလာနိုင်ပြီး အဖြူအဖတ်မျာဖြစ်လာပြီး ယားလာပါလိမ့်မည်။
ယားခြင်း၊ နံခြင်းများဖြစ်လျှင် ပိုးဝင်ခြင်းဖြစ်လို့ ဆေးကုဖို့ လိုပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူကို ပြောပြပါ။ ကုသမှုခံယူပါ။

အဖြူဆင်းခြင်းနှင့် မိန်းမကိုယ်ယားခြင်း

ယားခြင်းမရှိဘဲ အနံ့အသက်ရှိသောအဖြူများဆင်းခြင်း
