မေမေတို့ရေ အချို့သောကိုယ်ဝန်ဆောင်မေမေတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာ အမြင်အာရုံနဲ့ပတ်သက်ပြီး ထိခိုက်မှုရှိလာတတ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီလိုဖြစ်တာကတော့ ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်ပွားတတ်တဲ့ အပြောင်းအလဲတွေထဲက တစ်ခုပဲဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း မေမေတို့တွေ ကိုယ်ဝန်ဆောင်ကာလရောက်လာပြီဆိုရင် အမြင်အာရုံနဲ့ပတ်သက်ပြီး ခံစားရမှုမဖြစ်ရစေဖို့အတွက် မျက်စိအားကောင်းစေမယ့် အစားအစာတွေကိုလည်း စားသုံးပေးဖို့လိုပါတယ်။
တကယ်လို့အမြင်ခံစားမှုမှာ ပုံမှန်မဟုတ်တာမျိုးတစ်ခုခုနဲ့ကြုံလာရပြီဆိုရင်တော့ ကိုယ်ဝန်ဆောင်ကာလသွေးသားအပြောင်းအလဲကြောင့်ဖြစ်လို့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ လိုအပ်တဲ့ဆေးဝါးတွေကို မှီဝဲသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာဖြစ်တတ်တဲ့ မျက်လုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကတော့ မျက်ကြည်လွှာသားအပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ မျက်လုံးအရည်ခမ်းခြောက်မှုဖြစ်လာနိုင်ပါတယ်။ နောက်ပြီးကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လာတတ်တဲ့ ဆီးချိုရောဂါကြောင့်လည်း အမြင်အာရုံအပြောင်းအလဲတစ်ခုခုနဲ့ကြုံနိုင်ပါတယ်။ မျက်လုံးမှာတိမ်ဖြစ်တတ်လာပါတယ်။ မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေးစောင့်ရှောက်မှုမှာ အရာအားလုံးအတွက် သတိထားရမှာဖြစ်လို့ မျက်လုံးရဲ့ကျန်းမာရေးအတွက်လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ အစားအသောက်တွေကို ဂရုစိုက်နိုင်ကြဖို့ မျှဝေပေးလိုက်ပါတယ်နော်။