မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်ဘဝမှာ စိတ်ဖိစီးမှုတေွ မရှိစေဖို့အတွက် အတတ်နိုင်ဆုံး ဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ကာလမှာ အခြားအချိန်တေွထက် စိတ်ဖိစီးမှု၊ စိတ်မတည်ငြိမ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာခံစားရမှုတေွ ပိုမိုဖြစ်ပွားတတ်တဲ့ ဒီလိုအချိန်မျိုးမှာ အစစဂရုစိုက်ပေးဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေနဲ့ စိတ်ဖိစီးမှုတေွအရမ်းများနေတဲ့အခါမျိုးမှာ ရင်သေွးငယ်အတွက် အန္တရာယ်ရှိနိုင်ပါတယ်။
စိတ်ဖိစီးမှုတေွနဲ့တစ်လေှျာက်နေနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဟာ မေွးဖွားချိန်မှာ မမေွးဖွားနိုင်တာ၊ ကလေးငယ်မဖွံ့ဖြိုးတာတေွှဖစ်ပွားတတ်ပါတယ်။ နောက်ပြီး မေွးဖွားချိန်မှာ မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ရှိစေတဲ့ အခြေအနေတေွနဲ့လည်း ရင်ဆိုင်ရတတ်ပါတယ်။
မေမေတို့ရေ စိတ်ဖိစီးမှုတေွကို လေှျာ့ချဖို့ဆိုရင်တော့ အတတ်နိုင်ဆုံး စိတ်ချမ်းသာစရာတေွကိုပဲ တေွးသင့်ပါတယ်။ ဘယ်လောက်ပဲစိတ်ညစ်စရာတေွရှိရှိ မေ့ဖျောက်ပြီး ရင်သေွးလေးအဆင်ပြေပြေမေွးဖွားလာဖို့အတွက်ကိုသာ ခေါင်းထဲထည့်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ ပတ်ဝန်းကျင်၊ အိပ်ခန်းတေွမှာလည်း မျက်စိအေးစေမယ့် ပြင်ဆင်မှုတေွ၊ အရောင်တေွနဲ့သာ ဖန်တီးထားသင့်ပါတယ်။ အတတ်နိုင်ဆုံး တိတ်ဆိတ်ငြိမ်သက်ပြီး ဆူညံမှုတေွမရှိတဲ့ အေးချမ်းတဲ့ပတ်ဝန်းကျင်မျိုးကို ရေွးချယ်သင့်ပါတယ်။ မနက်ခင်းမှာလည်း နံနက်ခင်းရဲ့ နေခြည်နေွးနေွးကို မေမေတို့တေွအားလုံးက ခံစားသင့်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)