မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်ဘဝမှာ အခြားသူတေွထက် အစားအစာတေွကို ပိုမိုပြီးစားသုံးဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ဖြစ်သူကိုယ်တိုင်အတွက်ရော ဗိုက်ထဲက ရင်သေွးလေးရဲ့ အာဟာရအတွက်၊ ဖွံ့ဖြိုးမှုအတွက်ပါ မိခင်အပေါ်မှာ အလုံးစုံမူတည်နေတာဖြစ်လို့ မေမေတို့က ပြည့်ဝတဲ့အာဟာရနဲ့ အစားအသောက်တေွကို မှန်မှန်နဲ့များများစားပေးရမှာပါ။
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဟာ နေ့စဉ် ကယ်လိုရီ ၃၄၀ နဲ့ ၄၅၀ ကြားမှာရှိနေသင့်ပါတယ်။ အဲ့ဒါမှလည်းရင်သေွးငယ်ရဲ့ဖွံ့ဖြိုးကြိုးထွားမှုအတွက် အထောက်အပံ့ဖြစ်နိုင်မှာဖြစ်သလို မိခင်ရဲ့ကျန်းမာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။
အမှျင်ဓာတ်လည်း လုံလောက်ဖို့လိုအပ်ပြီး သံဓာတ်အားပြည့်နေဖို့လည်းလိုပါတယ်။ လိုအပ်တဲ့ အာဟာရဓာတ်တေွကလည်း သင့်တင့်နေဖိုု့လိုအပ်တဲ့အပြင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဟာ ၀မ်းမချုပ်ဖို့ကိုလည်း အထူးဂရုစိုက်ပေးရပါမယ်။ ၀မ်းချုပ်တဲ့အခါ ကိုယ်ဝန်အတွက် ထိခိုက်မှုတေွရှိလာနိုင်ပါတယ်။
အစာအသောက်စားသုံးတဲ့အခါမှာ ပုံမှန်စားသုံးမှုအပြင် ဗိုက်ဆာတဲ့အချိန်တိုင်းမှာလည်း ဘယ်လောက်ပဲအလုပ်တေွများများ အစားတစ်ခုခုစားပေးဖို့သင့်ပါတယ်။ အရေးကြီးတာကတော့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ အစားစားချိန်ဟာ ပုံမှန်လေးရှိနေဖို့လိုပါတယ်နော်။ အဲ့ဒါမှလည်း ကျန်းမာရေးကို မထိခိုက်ဘဲ ရင်သေွးလေးကို မေွးဖွားရာမှာ အခက်အခဲမရှိ အဆင်ပြေချောမေွ့စွာ မေွးဖွားနိုင်မှာပါနော်။
မိခင်နှင့် ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)