မေမေတို့ရေ အကြောင်းအမျိုးမျိုးကြောင့် ဓာတုဆေးဝါးတေွကို မှီဝဲသုံးစွဲနေရတဲ့ မိခင်တေွအနေနဲ့ ကိုယ်ဝန်မဆောင်သင့်ပါဘူးနော်။ ကိုယ်ဝန်ဆောင်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ လက်ရှိပြသနေရတဲ့ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပြီး ကိုယ့်ရဲ့ရောဂါအခြေအနေနဲ့ ကိုယ်ဝန်ဆောင်ဖို့ သင့်၊ မသင့်ဆိုတာကို အရင်ဆုံးတိုင်ပင်ရပါမယ်။ လက်ရှိပြသနေတဲ့ဆရာဝန်ရဲ့ သဘောတူညီမှုရပြီဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ထပ်မံတိုင်ပင်ပြသပြီး လိုအပ်တဲ့ကုသမှုတေွကို ခံယူပြီးမှ ကိုယ်ဝန်ဆောင်သင့်ပါတယ်။
တကယ်လို့ ဆေးဝါးတေွမှီဝဲနေချိန်မှာ အမှတ်မထင်ဘဲ ကိုယ်ဝန်ရခဲ့မယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်ထံသွားရောက်ပြီး ကိုယ်လက်ရှိသောက်နေရတဲ့ ဆေးဝါးတေွကို ပြသကာ ကိုယ်ဝန်နဲ့အဆင်မပြေဆိုတာကို တိုင်ပင်ညှိနိှုင်းပြီးမှ ဖြတ်သင့်တဲ့ဆေးတေွကို ဖြတ်ရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်ကာလမှာလည်း ဘယ်လိုအခြေအနေမျိုးနဲ့ပဲကြုံကြုံ ဆရာဝန်ရဲ့ညွှန်ကြားချက်မရှိဘဲ ဓာတုဆေးဝါးကိုယ့်သဘောနဲ့ ကိုယ်မှီဝဲသောက်သုံးဖို့မသင့်ပါဘူး။ ဆေးဝါးတေွကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်သုံးပေးရမှာပါ။ အကိုက်အခဲပျောက်ဆေးလို အိမ်သုံးဆေးဝါးတေွကအစ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်ဖို့ကို ကိုယ်ဝန်ဆောင်မိခင်တေွတိုင်းက သတိပြုပေးရမှာဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလဟာ ရင်သေွးအတွက်ရော၊ မိခင်အတွက်ပါ အရမး်ကို အရေးကြီးတဲ့ ကာလဖြစ်တာကြောင့် မေမေတို့တေွအားလုံးက ဂရုတစိုက်နဲ့ ဆောင်ရွက်ပေးဖို့ ကျားလေးက မှျဝေအကြံပြုလိုက်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)