မေမေတို့ရေ အခုရာသီမှာ ခရုတေွကို ဟိုနားတေွ့ဒီနားတေွ့နဲ့ တေွ့နေရတတ်တယ်နော်။ အဲ့ဒါကြောင့် ခရုကနေပြီးဖြစ်ပွားတတ်တဲ့ Schistosomiasis ဆိုတဲ့ ရောဂါနဲ့ပတ်သက်ပြီး မေမေတို့တေွအားလုံး သတိပြုမိစေနိုင်ဖို့အတွက် ကျားလေးကနေ မှျဝေပေးချင်ပါတယ်နော်။
အဲ့ဒီရောဂါကတော့ ခရုတေွကတဆင့် သံပြားကောင်မျိုးစိတ်တစ်မျိုးကူးစက်ခံရတဲ့ ရောဂါဖြစ်ပါတယ်။ ခရုပေါက်ဖွားမှုများတဲ့ ရေချိုရေကန်တေွ၊ လယ်ကွင်းတေွ၊ စမ်းချောင်းတေွ၊ ရေလေှာင်ကန်၊ ရေလေှာင်တမံ၊ ဆည်ရေတမံရှိတဲ့နေရာတေွမှာ အဖြစ်များတတ်ပါတယ်။
အဲ့ဒီရောဂါကူးစက်ခံရပြီဆိုရင်တော့ ၂ ပတ်ကနေ ၁၂ ပတ်အတွင်း အရေပြားယားယံအဖုအပိန့်တေွထွက်တာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ ၀မ်းပျက်ဝမ်းလေှျာဖြစ်တာ၊ ချောင်းဆိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲတာတေွ ခံစားရတတ်ပါတယ်။
နာတာရှည်လက္ခဏာတေွဆိုရင်တော့ ဗိုက်အောင့်တာ၊ ၀မ်းကိုက်တာ၊ ဆီးထဲမှာ သေွးပါတာ၊ ဆီးပူ၊ ဆီးအောင့်တာ၊ ချောင်းဆိုတာ၊ ချောင်းဆိုသေွးပါတာတေွခံစားရတတ်ပြီး ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းကို ပျက်စီးတဲ့အထိ ဖြစ်ပွားစေနိုင်ပါတယ်။
ဒီရောဂါက ခရုကို သေချာကျက်အောင်ချက်ပြုတ်စားတာကနေ မကူးစက်နိုင်ပေမယ့် စမ်းချောင်း၊ ရေကန်တေွမှာရေချိုးတာကနေ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခရုနဲ့ထိတေွ့တာကနေလည်း ကူးစက်နိုင်တာကြောင့် အားလုံးပဲ သတိပြုမိကြစေဖို့အတွက် မေမေတို့တေွ၊ မိသားစုတေွအားလုံးကို ကျားလေးကနေ မှျဝေပေးလိုက်ပါတယ်နော်။
Source - ကျန်းမာရေးဝန်ကြီးဌာန
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)