မေမေတို့ရေ ရင်သေွးငယ်လေးတေွ စည်းကမ်းတကျနဲ့ နေထိုင်ပြုမူတတ်စေဖို့အတွက် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားဖို့လိုပါတယ်နော်။ သားသားမီးမီးလေးတေွရဲ့ အနေအထိုင် အပြောအဆို အပြုအမူတေွမှာ အဆင်ပြေချောမေွ့စေဖို့အတွက် မေမေတို့တေွ ငယ်စဉ်ကတည်းက လေ့ကျင့်မှုတေွှပုလုပ်ပေးထားရမှာပါ။ ငယ်စဉ်အရွယ်မှာ ကလေးငယ်တေွ ဘယ်လိုပြောပြော၊ ဘာပဲလုပ်လုပ် ချစ်စရာကောင်းတယ်ဆိိုတဲ့ အမြင်လေးနဲ့ လူတိုင်းကသဘောကျခွင့်လွှတ်တတ်ကြပေမယ့် နောက်ပိုင်းမှာတော့ အဆင်ပြေနိုင်တော့မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့်လည်း ကလေးငယ်လေးတေွရဲ့ အလေ့အကျင့်အပြုအမူတေွမှာ စနစ်ကျနပြီး အဆင်ပြေစေဖို့အတွက် ငယ်စဉ်ကတည်းက အလေ့အကျင့်ပြုလုပ်ပေးထားတာအကောင်းဆုံးပါပဲ။
ကလေးငယ်တေွစည်းကမ်းတကျရှိဖို့အတွက် လေ့ကျင့်ပေးရာမှာတော့ ငယ်စဉ်ကတည်းက အရာဝတ္တုပစ္စည်းတေွနဲ့ ကစားပြီးတဲ့အခါ ကစားစရာတေွကို မေမေတို့သိမ်းဆည်းချိန် သားသားမီးမီးလေးတေွနဲ့အတူတူ သိမ်းဆည်းတာမျိုးနဲ့ လေ့ကျင့်ပေးနိုင်ပါတယ်။ မေမေတို့ အိမ်သန့်ရှင်းရေးပြုလုပ်ပြီး ဘေဘီလေးတေွရဲ့ အခန်းတေွ၊ ဘေဘီလေးတေွရဲ့အိပ်ယာတေွကို သိမ်းဆည်းတဲ့အခါမှာလည်း မေမေတို့က သားသားမီးမီးလေးတေွနဲ့ အတူတူပြုလုပ်ပေးခြင်းနဲ့ ကလေးတေွရဲ့ စည်းကမ်းရှိမှုကို လေ့ကျင့်ပေးနိုင်ပါတယ်။
စကားအပြောအဆိုအတွက် လေ့ကျင့်ပေးမှုမှာလည်း အထေွအထူးလေ့ကျင့်ပြောကြားဖို့ သင်ကြားတယ်ဆိုတာထက် ကလေးငယ်တေွရဲ့အနီးမှာ စကားကြမ်းကြမ်းပြောတာ၊ စကားရိုင်းရိုင်းပြောတာမျိုးတေွ မပြုမိစေဖို့အတွက် ရေှာင်ရှားပြီး မေမေတို့ကိုယ်တိုင်က ချိုသာစကားလုံးတေွ၊ ယဉ်ကျေးတဲ့ စကားလုံးတေွပြောဆိုပြုမူပေးရင်ကလေးတေွအတွက်လည်း လေ့ကျင့်ပြီးဖြစ်ပါတယ်။ မေမေတို့ ဖေဖေတို့တေွသတိပြုဖို့ကတော့ ကလေးငယ်တေွရဲ့ရေှ့မှာ မေမေ၊ ဖေဖေတို့က အော်ဟစ်စကားများတာမျိုးတေွ လုံးဝမပြုမိစေဖို့အတွက် ဂရုစိုက်ပေးဖို့ လိုပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)