စျေး မီဒီယာ
အခြား

ဂေါ်ဖီအစာသွပ်ပေါင်းလေး ပြင်ဆင်ရအောင် ...

Posted by Harry July 30, 2018
Gfhvrsaef1syzoiiamai

မေမေတို့ရေ သားသားမီးမီးတို့သာမကဘဲ တစ်မိသားစုလုံးလည်း သဘောကျကြိုက်နှစ်သက်စေမယ့် ဂေါ်ဖီအစာသွပ်ပေါင်းလေးကို ပြင်ဆင်ရအောင်နော်။ နံနက်ခင်း ကော်ဖီလေးနဲ့တွဲဖက်ပြီး မနက်စာအဖြစ်စားသုံးနိုင်သလို တစ်နှစ်အထက် သားသားမီးမီးလေးတေွကိုလည်း ဖြည့်စွက်စာအနေနဲ့ ကျေွးမေွးနိုင်ပါတယ်နော်။

ပါ၀င်ပစ္စည်းများ ..
- ဂေါ်ဖီထုပ် ... တစ်ထုပ်
- ကြက်သား ... တစ်ဆယ်သား
- အာလူး ... တစ်လုံး
- မုန်လာဥနီ ... တစ်လုံး
- အားဖြည့်ဆန် ... ပန်းကန်လုံးတစ်ဝက်
- ခရမ်းချဉ်သီးဆော့ ... ပန်းကန်လုံးတစ်လုံးတစ်ဝက်
- အိုင်အိုဒင်းဆား ... အနည်းငယ်
- ငရုပ်ကောင်းမှုန့် ... အနည်းငယ်
- ကြက်သွန်ဖြူ ... အနည်းငယ်
- ကြက်သွန်နီ ... တစ်မွှာ
- ထောပတ်ခဲ .. တစ်ခဲ

ပြင်ဆင်ပြုလုပ်နည်း ..
- ဦးစွာ ဂေါ်ဖီထုပ်အလယ်အူရိုးကိုဖယ်ထုတ်ပြီး ရေသန့်ရေနေွးဆူဆူထဲတွင် မေှာက်ထည့်ပြီး ပြုတ်ထားပါ။
- ကြက်သားကိုရေဆေးပြီးနုတ်နုတ်စင်းပါ။
- အာလူးနှင့် မုန်လာဥနီအခွံခွာရေဆေးပြီး အတုံးသေးသေးများတုံးထားပါ။
- ကြက်သွန်ဖြူ၊ နီ နုတ်နုတ်စင်းထားပါ။
- အားဖြည့်ဆန်ကိုရေဆေးထားပါ။
- အိုးသန့်သန့်ထဲသို့ ထောပတ်ခဲထည့်ပါ။
- ထောပတ်ပျော်သွားပါက ကြက်သွန်ဖြူနီထည့်ပြီးဆီသတ်ပါ။
- မုန်လာဥနီ၊ အာလူး၊ ကြက်သားများထည့်ပြီးမေွှပါ။
- ဆား၊ ငရုပ်ကောင်းမှုန့်ထည့်မေွှပါ။
- အားဖြည့်ဆန်ထည့်ပြီး ရေအနည်းငယ်ထည့်ကာအဖုံးဖုံးပြီးတည်ထားပါ။
- ရေခမ်းသွားပါက အဖုံးဖွင့်မေွှပြီး နူးသွားပါက မီးဖိုပေါ်မှချပါ။
- ပြီးလှျင် အအေးခံပြီး ခရမ်းချဉ်သီးဆော့ထည့်ကာ သမအောင်မေွှပေးပါ။
- ပြုတ်ထားသည့်ဂေါ်ဖီထုပ်ကို အအေးခံပြီးပါက ဂေါ်ဖီရွက်များကိုအချပ်လိုက်ရအောင်ယူပါ။
- အရိုးမာများကိုဓားဖြင့်ပါးအောင်လှီးဖယ်ပစ်ပါ။
- ပြီးပါက ဂေါ်ဖီထုပ်ဖတ်ထဲသို့ အသားများဌာပနာထည့်ပြီး လိပ်ပေးပါ။
- ဂေါ်ဖီလိပ်များကို သံဗန်းထဲသို့ထည့်ပါ။
- ပန်းကန်လုံးထဲတွင် ဂေါ်ဖီထုပ်ပြုတ်ရည်သုံးပုံနှစ်ပုံ ခရမ်းချဉ်သီးအနှစ်သုံးပုံတစ်ပုံထည့်ပြီး ရောကာ ဂေါ်ဖီလိပ်ပေါ်သို့ လောင်းကာ အပေါ်မှဂေါ်ဖီဖတ်များဖြင့်အုပ်ပါ။
- ပြီးလှျင် အပူချိန် ၂၀၀ ဒီဂရီဖြင့် ပေါင်းပေးပါ။
- ပြီးလှျင် အအေးခံကာ အသုံးစားသုံးနိုင်ပါပြီ။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.