မေမေတို့ရေ သားသားမီးမီးလေးတေွအတွက် စားလို့ကောင်းပြီးအရသာရှိမယ့် ငါးပေါင်းလေးတစ်ခွက်ပြင်ဆင်ပေးလိုက်ရအောင်နော်။ ဒီဟင်းလျာလေးကိုတော့ အသက် ၉ လနဲ့အထက် သားသားမီးမီးလေးတေွအတွက် ပြင်ဆင်ပေးလိုက်ပါနော်။
ဒီဟင်းလျာလေးကိုပြင်ဆင်ဖို့အတွက် လတ်ဆတ်တဲ့ ဆော်လမွန်ငါးနဲ့ ဟင်းခတ်မှုန့်အနည်းငယ်ပဲလိုပါတယ်နော်။
ငါးကိုအရိုးမပါအောင် အသားချည်းသေချာထွင်ပြီး ပေါင်းရပါမယ်။ ပြီးရင်တော့ ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီး ထပ်ပေါင်းကာ ဇွန်းလေးဖြင့်ချေပြီး သားသားမီးမီးလေးတေွအတွက် ပြင်ဆင်ပေးနိုင်ပါတယ်။ ကလေးငယ်ငယ်လေးတေွကို ကျေွးမယ်ဆိုရင်တော့ ဟင်းခတ်မှုန့်မထည့်ဘဲ ငါးချည်းသီးသန့်ပေါင်းပြီးကျေွးနိုင်ပါတယ်။ လတ်ဆတ်တဲ့ငါးရဲ့သဘာဝအရသာနဲ့ ကလေးတေွသဘောကျပြီး စားချင်စဖွယ်ပြင်ဆင်ပေးနိုင်မှာလည်းဖြစ်ပါတယ်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)