မေမေတို့ရေ သားသားမီးမီးလေးတေွ သဘောကျပြီး နှစ်သက်စေမယ့် ဖြည့်စွက်စာလေးတစ်ခွက် ပြင်ဆင်ဖို့စဉ်းစားနေပြီဆိုရင်တော့ ပန်းသီးအားပြည့်ဖြည့်စွက်စာလေးကို သတိရလိုက်ပါနော်။ လုပ်နည်းလေးကလည်း လွယ်ကူပြီးကလေးငယ်တေွလည်း သဘောကျမှာပါ။ ဒီဖြည့်စွက်စာလေးကိုတော့ အသက် ၉ လအထက်ရင်သေွးငယ်လေးတေွကို ပြင်ဆင်ပေးနိုင်ပါပြီ။
ပါ၀င်ပစ္စည်းများ ...
- ပန်းသီး ... တစ်လုံး
- မုန်လာဥနီ ... တစ်လုံး
- ပဲနီလေး ... ပန်းကန်လုံးတစ်ဝက်
- အားဖြည့်ဆန် ... ပန်းကန်လုံးတစ်ဝက်
- စားသုံးသည့်သံလွင်ဆီ ... စားပွဲဇွန်း ၁ ဇွန်း
- ခြစ်ထားသည့်ချိစ်စ်ခဲ ... စားပွဲဇွန်း ၂ ဇွန်း
- ရေ ... ပန်းကန်လုံး ၂ လုံး
ပြင်ဆင်ပြုလုပ်နည်း ...
- ဦးစွာ ပန်းသီး၊ မုန်လာဥနီတို့ကိုအခွံခွာရေဆေးပြီးအတုံးလေးများတုံးကာ ခွဲထားပါ။
- ပဲနီလေး၊ အားဖြည့်ဆန်ကို ရေဆေးပြီး ခွဲထားပါ။
- အိုးသန့်သန့်ထဲသို့ ရေထည့်ပြီး ပဲနီလေး၊ မုန်လာဥနီထည့်မေွှကာ ကျိုထားပါ။
- ပဲပွလာပြီး မုန်လာဥနီနူးကာ ပဲကျက်သွားပြီဆိုပါက အားဖြည့်ဆန်နှင့် ပန်းသီးထည့်မေွှပြီး ထပ်တည်ထားပါ။
- ဆန်များနူးပြီး ရေခမ်းစပြုကာ ပြစ်သွားပါက မီးဖိုပေါ်မှချပြီး blander ဖြင့်မေွှပါ။
- အားလုံးမေွှပြီးပါက ချိစ်စ်များနှင့် သံလွင်ဆီထည့်ကာ ဇွန်းဖြင့်မေွှပြီးလှျင် သားသားမီးမီးလေးတေွအတွက် ပြင်ဆင်ပေးနိုင်ပါပြီ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)