မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်ရောက်လာပြီဆိုရင်တော့ စားသောက်နေထိုင်မှုကအစ အရာရာတိုင်းအတွက် ဂရုစိုက်ပေးရမှာပါနော်။ အဲ့ဒီအပြင်မှာ မေမေတို့အားလုံး အမှုအမှတ်မဲ့မဖြစ်စေဘဲ ဂရုစိုက်ပေးရမယ့် နောက်တစ်အကြောင်းအရာတစ်ခုလည်းရှိပါသေးတယ်။ ကိုယ်ဝန်ဆောင်မိခင်ဘဝ ကျန်းမာရေးအတွက် ဂရုစိုက်ပေးဖို့လိုသလို အလှအပကိုလည်း မေ့ထားလို့မရပါဘူးနော်။
မျက်နှာရဲ့အလှအပအတွက် ဂရုစိုက်တဲ့အခါမှာလည်း အဓိကကတော့ အသားအရေလှပနေဖို့လိုပါတယ်။ ခန္ဓာကိုယ်အသားအရေလှပစေဖို့အတွက် စားသောက်နေထိုင်မှုတေွမှာ အစစဂရုစိုက်ပေးရပါမယ်။ ကိုယ်ဝန်ဆောင်မေမေတို့ နောက်ထပ်ဂရုစိုက်သင့်တာကတော့ ကိုယ်ဝန်ဆောင်ကာလမှာဖြစ်ပေါ်တတ်တဲ့ ဗိုက်ကျောပြတ်တဲ့ပြဿနာပါပဲ။ ဗိုက်ကျောပြတ်တာကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်ကာမှာကတည်းက အလှဆီတေွကို ဂရုတစိုက်နဲ့ လိမ်းပေးဖို့လိုပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်မေမေတေွအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဗိုက်ကျောပြတ်လိမ်းခရင်မ်တေွကို လိမ်းနိုင်သလို သံလွင်ဆီကိုလည်း လိမ်းပေးလို့ရပါတယ်နော်။ မေွးဖွားပြီးချိန်မှာ လေ့ကျင့်ခန်းတေွှပုလုပ်ပြီး အလှအပအတွက် ပြန်လည်ထိန်းသိမ်းမှုပြုလုပ်နိုင်တယ်ဆိုပေမယ့် အသားအရေရဲ့လှပမှုတေွအပြည့်အဝရရှိနေဦးဖို့ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်ကာလ ထိန်းသိမ်းစောင့်ရေှာက်နိုင်မှုတေွနဲ့ သက််ဆိုင်နေတာကြောင့် မေမေတို့တေွအားလုံးက ဂရုတစိုက်ဆောင်ရွက်ပေးဖို့အတွက် ကျားလေးက အကြံပြုမှျဝေလိုက်ပါတယ်။
မိခင်နှင့်ရင်သေွးငယ်တိုင််းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)