စျေး မီဒီယာ
အခြား

သေွးအမျိုးအစားအလိုက် အသေးစိတ် ပြောပြထားတဲ့ အချစ်ရေးနဲ့ပတ်သက်တဲ့ ဟောကိန်းများ

Posted by Zaw Lin Aung October 25, 2019
Gohwa5tiefww67h8mvxg

ကိုယ့်ရဲ့သေွးအမျိုးအစားအလိုက် တွက်ချက်ပြီးတော့ ခန့်မှန်းထားတဲ့ ဟောကိန်းလေးတေွ အများကြီးရှိပါတယ်။ သူငယ်ချင်းတို့တေွလည်း သေွးအမျိုးအစားအလိုက် နည်းနည်းပါးပါးတော့ သိကြလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါ ပြောချင်တာကတော့ အချစ်ရေးမှာ ကံခေလွန်းတဲ့ သေွးအမျိုးအစားလေးတေွ အကြောင်းပါပဲ။ ထိုသေွးအမျိုးအစားတေွကတော့

Aabwx4uuqihva5xu05oa

၁။ A သေွးပိုင်ရှင်လေးများ
----------------------------

သူတို့ဟာ တကယ်တော့ အချစ်ရေးနဲ့ပတ်သက်လာရင် ရေခဲတုံးတစ်တုံးလို ခပ်အေးအေးနဲ့ တည်တည်ငြိမ်ငြိမ်ရှိတတ်တဲ့သူလေးတေွပါပဲ။ A သေွးလေးတေွရဲ့ မူလပင်ကိုယ်စရိုက်ကိုယ်က ခပ်အေးအေးလေး နေတတ်ကြတဲ့အတွက် သူတို့တေွဟာ အချစ်ရေးမှာရော၊ တခြားကိစ္စတေွမှာပါ တည်ငြိမ်သူလေးတေွ ၊ ထုံပေပေလေးတေွလို့ အပြောခံရတတ်ပါတယ်။ သူတို့တေွဟာ ပြဿနာကို ရေှာင်ရှားနိုင်ကြတာ ၊ ဖြစ်လာမယ့် ပြဿနာတေွကို ကြိုတင်တေွးဆတတ်ကြပြီး သူတို့ရဲ့စကားအသွားအလာကို ထိန်းသိမ်းတတ်ကြတဲ့အတွက် အများအမြင် သူတို့တေွဟာ ပွင့်လင်းမှုမရှိဘူးလို့ တစ်ခါတစ်ရံမှာလည်း အပြောခံရတတ်ပါတယ်။ နောက်ပြီး အလုပ်ထဲမှာစိတ်နှစ်ပြီးတော့ အလုပ်အပါ် တာဝန်ယူစိတ်အပြည့်ရှိတတ်ကြတဲ့အတွက် လူမှုရေးနဲ့တစ်ခြားကိစ္စတေွမှာ လစ်ဟင်းတတ်ကြတယ်။ သူတို့လေးတေွဟာ အနေအေးတတ်ပေမယ့် တကယ်တမ်းတော့ အရမ်းနူးညံ့တဲ့ နှလုံးသားပိုင်ရှင်တေွပါပဲ။ ဒါပေမယ့် သူတို့ရဲ့အေးတိအေးစက်နဲ့ မှုန်တေတေအမူအရာလေးတေွကြောင့် ချစ်သူရဲ့အထင်လွဲခြင်းကိုလည်း မကြာခဏ ခံရတတ်တယ်။ အချစ်ရေးမှာ အဲဒီလောက်ကံမခေကြပေမယ့် ချစ်သူရဲ့အားမလိုအားမရ၊ နားပူနားဆာလုပ်တာကိုလည်း အမြဲခံနေရတဲ့သူလေးတေွပေါ့ ။ အဲဒီအတွက် သူတို့ Aသေွးလေးတေွကို မချစ်တော့ဘူးပေါ့ဆိုတော့ မဟုတ်ဘူး။ အဲဒီလို နေတဲ့ပုံစံလေးတေွကိုပဲ ဆုံတဲ့သူတေွက သဲသဲလှုပ် ပိုချစ်တတ်ကြပါတယ်။

Z8d2suri0ecb7kgehhar

၂။ B သေွးပိုင်ရှင်လေးများ
----------------------------

သူတို့လေးတေွဟာ တကယ်တော့ လက်တေွ့ကျတဲ့ သေွးပိုင်ရှင်လေးတေွပါပဲ။ သူတို့တေွနဲ့ချစ်သူဖြစ်ရတာ တစ်ခါတစ်လေကျရင် လက်တေွ့အရမ်းဆန်တတ်လို့ သူတို့တေွကို နှလုံးသားမရှိဘူးလို့တောင် ထင်ရတယ်။ သူတို့ရဲ့ အချစ်အပေါ်ထားတဲ့ခံယူချက်ဟာ အနုအရွတေွ၊ ရိုဆန်ဆန်အပြုအမူမျိုးတေွမဟုတ်ပဲ ဒီအတိုင်းရင်ထဲမှာ ရှိနေရင် အချစ်ဖြစ်တယ် ဆိုတဲ့အတွက်ကြောင့် ငါ့အပေါ်ကို ချစ်မှချစ်ရဲ့လားလို့ ချစ်သူရဲ့ မယုံသင်္ကာမျက်လုံးနဲ့ အကြည့်ခံရသူတေွလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ရင်ထဲက ခံစားမှုတေွထက်စာရင် ဦးနေှာက်ရဲ့စေစားရာကိုပဲ ဦးစားပေးကြတဲ့အတွက် ချစ်ရတဲ့ချစ်သူနဲ့ လွဲချော်ရတဲ့အဖြစ်မျိုးတေွလည်း ရှိတတ်တယ်။ အဲဒီတော့ B သေွးလေးတေွနဲ့သာ ချစ်သူဖြစ်ရင် သူတို့တေွရဲ့ စိတ်သဘောထားကိုလည်း နားလည်ပေးဖို့ လိုပါတယ်။



P7yr8pfctlgneajvjpys

၃။ AB သေွးပိုင်ရှင်လေးများ
------------------------------

သူတို့လေးတေွဟာ ပျော်ပျော်နေတတ်ကြတဲ့ သေွးအုပ်စုလေးတေွပါပဲ။ သူတို့တေွရဲ့ အချစ်အပေါ်မှာ ထားတဲ့ခံယူချက်က အတော်လေး ပေါ့ပေါ့ပါးပါး ဆန်ပါတယ်။ ကမ္ဘာပေါ်မှာ အချစ်ဆိုတဲ့အရာလောက် အရေးကြီးတာမရှိတော့ဘူးဆိုရလောက်အောင် အချစ်ကို နောက်ဆုံးမှာ ထားတတ်ကြတယ်။ တကယ်လို့ သူတို့မှာ ချစ်သူရှိနေရင်လည်း အဲဒီအချစ်ရေးဟာ ကြာရှည် မတည်မြဲတတ်ပါဘူး။ အချစ်ထက်စာရင် အပျော်အပါး၊ အပေါင်းအသင်း နဲ့ မိသားစုကို ပဲကြည့်တတ်ကြလို့ ချစ်သူက အမြဲတမ်းနောက်ကို ရောက်နေတတ်တယ်။ အဲဒီလိုပြောလို့ သူတို့တေွကို မချစ်တတ်ဘူးလို့တော့ မထင်ပါနဲ့။ သူတို့တေွရဲ့ အနွံအတာ၊ ဆိုးနွဲ့မှုတေွကို သည်းခံနိုင်တဲ့သူကို ရှာရင်းနဲ့ပဲ ရည်းစားများတဲ့သူ၊ အသဲခွဲတဲ့သူ စတဲ့နာမည်တေွ ရသွားတတ်တယ်။ တကယ်လို့ သူငယ်ချင်းတို့ရဲ့ချစ်သူဟာ AB သေွးလေး ဖြစ်ခဲ့မယ်ဆိုရင် သူတို့ရဲ့အပျော်အပါးမက်တဲ့စိတ် ၊ လွတ်လွတ်လပ်လပ် နေချင်တဲ့စိတ်လေးတေွကို ကောင်းကောင်း လက်ခံပေးဖို့ လိုပါတယ်။

Nz7fv05dvm5bpcs8lxlj

၄။ O သေွးပိုင်ရှင်လေးများ
----------------------------

ဒီ အိုသေွးလေးတေွကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် နှလုံးလမ်းကြောင်းမှာ ကျှန်းခံနေတယ်လို့ပဲ ပြောရမယ်ထင်ပါရဲ့။ သူတို့လေးတေွဟာ နှလုံးသားနုနယ်သလောက်၊ အရမ်းလည်း အချစ်ကြီးတတ်ကြတယ်။ သူတို့ရဲ့အချစ်ဆိုတာက ဘယ်သူတေွ ဘယ်လိုမျိုးပဲလာလာ၊ ဒီတစ်ယောက်တည်းကိုပဲ သူတို့ရဲ့ဘဝတစ်လေှျာက် သစ္စာရှိရှိနဲ့ ချစ်သွားမယ့်သူမျိုးတေွပဲပေါ့။ တစ်ယောက်ဆိုရင် ဆိုသလောက် ချစ်တတ်ကြတဲ့သူတေွှဖစ်ပေမယ့် သူတို့ရဲ့ ချစ်သူက သစ္စာဖောက်တာခံလိုက်ရတဲ့အခါမျိုးမှာ အရမ်းကိုခံစားရမယ့်သူမျိုးတေွပဲ ဖြစ်ပါတယ်။ ပြတ်သွားခဲ့ရင်တောင် အဲဒီချစ်သူကို ရင်ထဲမှာထားပြီးတော့ တမ်းတနေတတ်ကြတဲ့သူမျိုးလေးတေွပါ။ နောက်ပြီးချစ်သူအပေါ်မှာ အရမ်းအနွံတာခံ၊ အောက်ကျို့ခံပြီးတော့ ချစ်တတ်ကြတာမို့ ချစ်သူရဲ့အနိုင်ယူခြင်းကို မကြာခဏခံရတဲ့သူတေွလည်း ဖြစ်ပါတယ်။ အဲဒီတော့ ဒီအို သေွးလေးတေွနဲ့သာ ချစ်သူဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ ကံအရမ်းကောင်းတဲ့သူတစ်ယောက်ပါပဲ။ ဒါကြောင့် သင် သူတို့ဆုံခဲ့ရင် သူတို့ကို အတတ်နိုင်ဆုံးဖေးမပြီးတော့ ချစ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
#Ref( ဆန်းသစ်စနိုင် - သေွးအမျိုးအစားလိုက် အချစ်ရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.