စျေး မီဒီယာ
အခြား

ကုလားပဲ၊ ပန်းဂေါ်ဖီဟင်းချို ...

Posted by Harry July 24, 2018
Wenuykmewlflhqtfu86t

မေမေတို့ရေ သားသားမီးမီးလေးတေွ အရသာရှိရှိစားသုံးနိုင်စေဖို့အတွက် ကုလားပဲ၊ ပန်းဂေါ်ဖီ ဟင်းချိုလေးကို ဒီနေ့ရဲ့ဟင်းလျာအဖြစ် ပြင်ဆင်ပေးလိုက်ရအောင်နော်။ အသက် ၉ ပြည့်ပြီးပြီဆိုရင်တော့ ဒီဟင်းလျာလေးကို ပြင်ဆင်ပေးလို့ရပါပြီမေမေတို့ရေ။

ပါ၀င်ပစ္စည်းများ ...
- ကုလားပဲ ... ပန်းကန်လုံး ၃ ပုံ ၂ ပုံ
- ပန်းဂေါ်ဖီ ... တစ်စိတ်
- အာလူး ... တစ်လုံး
- မုန်လာဥနီ ... တစ်လုံး
- ကရဝေးရွက် ... တစ်ရွက်
- ကြက်သွန်ဖြူ ... တစ်မွှာ
- စမုန်စပါးစေ့ ... လက်ဖက်စားဇွန်း ၁ ဇွန်း

ပြင်ဆင်ပြုလုပ်နည်း ..
- ဦးစွာကုလားပဲကို ရေစင်အောင်ဆေးပြီး ပြုတ်ထားပါ။ ပြီးလှျင် ရေစစ်ထားပါ။
- ပန်းဂေါ်ဖီကို ဆားရည်ဖြင့်ရေစိမ်ဆေးပြီး အတုံးလေးများတုံးထားပါ။
- အာလူးကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။
- မုန်လာဥနီကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။
- ကရဝေးရွက်၊ ကြက်သွန်ဖြူအခွံခွာပြီးသားနဲ့ စမုန်စပါးစေ့များကို အဝတ်သန့်သန့်ဖြင့်ထုတ်ထားပါ။
- အိုးသန့်သန့်ထဲသို့ ရေပန်းကန်လုံးတစ်ဝက်ထည့်ပါ။
- ရေဆူလာပါက ပန်းဂေါ်ဖီ၊ အာလူး၊ မုန်လာဥနီထည့်ပြီး ရေပန်းကန်လုံးတစ်ဝက်ထပ်ထည့်ပါ။ ပြီးလှျင်အပေါ်မှ ကရေဝေးရွက်၊ ကြက်သွန်ဖြူ၊ စမုန်စပါးထုတ်ထားသည့်အဝတ်ထုတ်လေးကို ထည့်ပါ။
- အဖုံးအုပ်ပြီးပေါင်းထားပါ။
- ရေဆူလာပြီဆိုပါက စမုန်စပါးထုတ်ကိုဖယ်ထုတ်လိုက်ပါ။
- အသီးအရွက်များနူးအိသွားပြီဆိုပါက ကုလားပဲပြုတ်များထပ်ထည့်ပါ။
- ပြီးလှျင် မီးဖိုပေါ်မှချပြီး blander ဖြင့်မေွှပြီး အအေးခံကာ သားသားမီးမီးတို့အတွက် ပြင်ဆင်ကျေွးမေွးနိုင်ပါပြီ။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.