Kyarlay.com

almost 2 years

ကလေးတို့အတွက်လိုအပ်တဲ့ အာဟာရအုပ်စုကြီးတွေအကြောင်း


L7gzyapfzxopmaoqfvtg

မေမေတို့ရေ ဘေဘီလေးတွေအတွက် အသက်အရွယ်အလိုက် သင့်တင့်တဲ့ကိုယ်အလေးချိန်အတိုင်းရှိပြီး ကျန်းကျန်းမာမာကြီးပြင်းဖို့ဆိုရင် နေ့စဉ်နေ့တိုင်း အာဟာရအုပ်စုတွေကို စုံလင်အောင် စီမံကျွေးမွေးဖို့ လိုအပ်ပါတယ်နော်။

၁။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာများအုပ်စု

မေမေတို့ရေ ဘေဘီလေးတွေအတွက် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ဆိုရင် အမဲသား၊ ကြက်ကသား၊ ဘဲသား၊ ဆိတ်သား၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ငါးအမျိုးမျိုး၊ ပုဇွန်တုပ်၊ ပုဇွန်ဆိတ်၊ ဘဲ၊ သွေး၊ အသည်း၊ နို့၊ ငါးခြောက်၊ ပုဇွန်ခြောက်စတဲ့ တိရစ္ဆာန်ကရတဲ့ အသားဓာတ်တွေလိုအပ်ပါတယ်။ ပဲကရတဲ့အသားဓာတ်အတွက်ကတော့ ပဲပုတ်၊ ပဲနို့၊ ပဲလွန်း၊ မတ်ပဲ၊ ပဲပိစပ်၊ ပဲကြီး၊ ကုလားပဲ၊ ပဲနီလေး၊ ပဲဝါလေး၊ မြေပဲ၊ ပဲလိပ်ပြာ၊ ပဲပြုတ်၊ ပဲကတီပါ၊ ပဲပြား၊ တို့ဟူးစတဲ့အစားအစာတွေကို ကျွေးမွေးဖို့လိုအပ်ပါတယ်။ အဲ့ဒီအစားအစာတွေကတော့ ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်တွေပါဝင်တာဖြစ်လို့ ကလေးတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့နဲ့ ဥာဏ်ရည်ဖွံ့ဖြိုးစေဖို့အတွက် မေမေတို့ကဘေဘီလေးတွေကို နေ့စဉ်ကျွေးမွေးတဲ့အစားအစာတွေထဲမှာ တစ်ရက်တစ်မျိုးလောက်တော့ ပါအောင်ကျွေးမွေးသင့်ပါတယ်နော်။


၂။ ရောဂါဘယများမှ ကာကွယ်ပေးသော အစာများအုပ်စု


Wu1ki95abythdh7gw4jo

မေမေတို့ရေ အသီးအရွက်အမျိုးမျိုးဖြစ်တဲ့ ဒန့်သလွန်ရွက်၊ မြင်းခွာရွက်၊ မုန်ညင်းရွက်၊ ကန်ဇွန်းရွက်၊ ဗူးညွန့်၊ ဟင်းနုနယ်ရွယ်၊ အသီး၊ ကြက်ဟင်းခါးသီး၊ ရွှေဖရုံသီး၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ပဲတောင့်ရှည်၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး စတာတွေအပြင် အစိမ်းစားရတဲ့အသီးတွေဖြစ်တဲ့ မာလကာသီး၊ သရက်သီး၊ သင်္ဘောသီး၊ သံပရာသီး၊ ဆီးဖြူသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ နာနတ်သီး၊ ပန်းသီး၊ သစ်တော်သီး စတဲ့အသီးတွေကတော့ ကလေးတွေရဲ့ ခန္ဓာကိုယ်တွင်း ကိုယ်ပ ရောဂါပိုးတွေ မကျရောက်စေဖို့၊ ကိုယ်ခံစွမ်းအားကောင်းမွန်စေဖို့၊ ရောဂါကာကွယ်ပေးဖို့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပေးစွမ်းပါတယ်။ အဲ့ဒါကြောင့်လည်း မေမေတို့က သားသားမီးမီးတွေကို အစားအစာကျွေးတဲ့အခါ အဲ့ဒီအာဟာရဓာတ်တွေကို အစုံပါဝင်အောင် မျှတအောင်ကျွေးမွေးဖို့အတွက် ဂရုစိုက်ပေးဖို့လိုပါတယ်။ ကလေးတွေတင်မကပါဘူးနော်။ လူကြီးတွေကိုယ်တိုင်ကလည်း ဒီအာဟာရအုပ်စုကြီး သုံးခုကိုနေ့စဉ်အစုံပါဝင်အောင် စားသုံးသင့်ပါတယ်။

၃။ အင်အားဖြစ်ထွန်းစေသော အစာများအုပ်စု


Xgva2tsgf1u6omekhedk

မေမေတို့ရေ မြန်မာလူမျိုးတွေရဲ့ အခြေခံအစားအစာထမင်းအပါအ၀င် ဆန်၊ ဂျုံတို့နဲ့ပြုလုပ်ထားတဲ့ မုန့်အမျိုးမျိုး၊ ပေါင်မုန့်၊ ဘီစကွတ်၊ နံပြား၊ မုန့်ဖက်ထုပ်၊ ကောက်ညှင်းထုပ်၊ ဆီ၊ ထောပတ်၊ ခေါက်ဆွဲ၊ ပြောင်းဆန်၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပြောင်းဖူး၊ ထန်းလျက်ခဲ၊ ကြံသကာ၊ သကြား၊ သကြားလုံး စတဲ့အစားအစာတွေကတော့ ကာဗွန်ဟိုက်ဒြိတ်ဓာတ် (ဒါမှမဟုတ်) ကစီဓာတ်တို့ကို ဖြစ်စေပါတယ်။ အဲ့ဒီအစာတွေကတော့ ကလေးတွေရဲ့ လှုပ်ရှားသွားလာမှုမှာ လိုအပ်တဲ့စွမ်းအင်တွေကို ပေးတာမို့လို့ မေမေတို့က နေ့စဉ်တစ်မျိုးမျိုးတော့ပါဝင်အောင် ကျွေးမွေးသင့်ပါတယ်။ ဒါပေမယ့် အချိုတွေကို အလွန်အကျွံ မကျွေးမိတော့ သတိပြုဖို့လိုပါတယ်နော်။
Ref;(မေ့ရင်သွေးမဂ္ဂဇင်းပါ ဆောင်းပါးမှကိုးကားဖော်ပြထားပါသည်)