မေမေတို့ရေ သားသားမီးမီးလေးတေွ ၂ နှစ်ပြည့်ပြီဆိုရင်တော့ ဘယ်လိုမျိုးဖွံ့ဖြိုးမှုတေွရှိတယ်၊ ဘယ်လိုလေ့ကျင့်ပေးဖို့လိုမယ်ဆိုတာလေးတေွကို ကျားလေးကနေမှျဝေပေးချင်ပါတယ်နော်။
- ဒီအချိန်မှာတော့ ဂဏန်းသချင်္ာရေတွက်မှုတေွကို သင်ယူတတ်လာတဲ့အရွယ်ဖြစ်နေပါပြီ။ အဲ့ဒီအတွက် ဒီအချိန်မှာ ရေတွက်မှုတေွကို သင်ကြားပေးနိုင်ပါတယ်။ နောက်ပြီး အရောင်စုံကာလတေွကိုလည်း သိရှိနေပြီဖြစ်လို့ အရောင်တေွှကားမှာ လေ့ကျင့်သင်ကြားပေးနိုင်ပါတယ်။
- နောက်ပြီးဒီအရွယ်မှာ ကိုယ်တိုင်ပြုလုပ်တတ်တာတေွလည်းရှိနေပါပြီ။ တစ်နှစ်ကျော်ကစတင်လေ့ကျင့်ပေးနိုင်တဲ့ ပစ္စည်းတေွကို ကိုယ်တိုင်ယူတာ၊ အစားကိုကိုယ်တိုင်စားတာ၊ ဇွန်းကိုကိုယ်တိုင်ကိုင်ပြီး ပန်းကန်ကို ကိုယ်တိုင်ကိုင်စားတာတေွဟာ ၂ နှစ်ပြည့်ပြီဆိုရင်တော့ လုံးဝကို ကျွမ်းကျင်သွားပါပြီ။ သူလိုချင်တဲ့ပစ္စည်းတေွကို ကိုယ်တိုင်သွားရောက်ယူတတ်သွားပြီဖြစ်သလို၊ စားချင်တာကိုလည်း ကိုယ်တိုင်ယူစားတတ်နေပါပြီ။ ဒီလိုအချိန်မှာတော့ ကလေးငယ်ကို ပစ္စည်းတေွအများကြီးထဲကမှ ရေွးချယ်စေတာ၊ အရောင်တေွများကြီးထဲကမှ ရေွးချယ်စေတာ၊ ပုံစံကွဲတေွများကြီးထဲကမှ ရေွးချယ်စေတာမျိုး ဂိမ်းကစားနည်းတေွနဲ့ ပိုမိုပြီးဖွံ့ဖြိုးဖို့ကို လေ့ကျင့်ပေးနိုင်ပါတယ်။
- နောက်ပြီး ဒီအရွယ်ကလေးငယ်တေွဟာ ကစားဖော်တေွကို တောင့်တတတ်နေပါပြီ။ သူနဲ့အတူတူ ဆော့ကစားဖို့အဖော်ကို လိုလားတတ်နေပါပြီ။ တစ်ဦးတည်းဆော့ကစားရတာမျိုးထက် သူငယ်ချင်းတေွနဲ့အတူတူ၊ မိသားစုတေွအတူတူ၊ အဖော်အပေါင်းတေွနဲ့ အတူတူ ဆော့ကစားတာမျိုးတေွကိုပြုလုပ်ပေးသင့်ပါတယ်။
- ဒီအရွယ်ကလေးငယ်တေွကို ကိုယ်တိုင်စာဖတ်တတ်စေဖို့ လေ့ကျင့်ပေးနိုင်ပြီး အစပိုင်းကတော့ မိဘတေွနဲ့ အတူတူ စာဖတ်တတ်တဲ့အလေ့အကျင့်ကို ပြုလုပ်ထားပေးဖို့လိုအပ်နေပါပြီနော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)