မေမေတို့ရေ ကလေးငယ်လေးတေွ တစ်နှစ်အရွယ်ရောက်ရှိလာပြီဆိုတာနဲ့ သူတို့လေးတေွရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်တေွမှာ ဘယ်လိုပြောင်းလဲလာမယ်ဆိုတာလေးကို ကျားလေးကနေ မှျဝေပေးလိုက်ပါတယ်နော်။
- ကလေးငယ်လေးတေွဟာ သူတို့ရဲ့ ကစားစရာလေးတေွ၊ သူတို့လိုချင်တာလေးတေွကို ကိုယ်တိုင်ရှာဖေွတတ်ပါပြီ။ မေမေ့ကိုလည်း မတေွ့ရရင်လိုက်လံရှာဖေွချိန်ရောက်နေပြီပေါ့။ ဒီအရွယ်မှာ ကလေးငယ်တေွကို ပစ္စည်းရှာတဲ့ ဂိမ်းလေးတေွ၊ ကစားစရာတေွမှာ အရောင်ရေွးတာမျိုး၊ ပုံစံရေွးတာမျိုးဂိမ်းလေးတေွကို ဆော့ကစားစေမယ်ဆိုရင်တော့ ကလေးရဲ့ဖွံ့ဖြိုးမှုတေွပိုမိုကောင်းမွန်လာမှာလည်းဖြစ်ပါတယ်။
- နောက်ပြီး ဒီအချိန်မှာ အိပ်ချိန်ကလည်း သိပ်ပြီးမမှန်တတ်တော့ပါဘူး။ အဲ့ဒီမိဘတေွက ဒီအရွယ်ကလေးတေွရဲ့ အိပ်ချိန်ကို စနစ်တကျနဲ့ စီမံပေးဖို့လိုပါတယ်။
- ကလေးငယ်တေွကစားတဲ့အခါမှာလည်း ပိုမိုပြီးတက်ကြွနေပါပြီ။ ဒီအရွယ်မှာ ကစားမက်တယ်လို့ပြောရမယ့်အရွယ်ပါ။ အဲ့ဒါကြောင့် ကလေးငယ်တေွကစားတာနဲ့ပတ်သက်ပြီးတော့လည်း မိဘတေွက စနစ်တကျနဲ့ဖွံ့ဖြိုးမှုအတွက်အရေးပါအောင် လေ့ကျင့်ပေးရပါမယ်။ တက်ကြွတဲ့ကလေးငယ်တစ်ယောက်ဖြစ်လာစေဖို့အတွက် ဆော့ကစားတာကို ပိတ်ပင်မပစ်လိုက််ဖို့ အရေးကြီးပါတယ်။
- ဒီအရွယ်မှာတော့ ကလေးငယ်တေွဟာ စိတ်ခံစားမှုတေွကို အကောင်းဆုံးခံစားနိုင်တဲ့အရွယ်ဖြစ်လို့ သူတိို့ရဲ့စိတ်ထားလေးတေွကောင်းမွန်စေဖို့ သင်ကြားပေးနိုင်ပါတယ်။ စာနာနားလည်တတ်အောင်၊ သူတို့ရဲ့ခံစားမှုတေွနဲ့အတူလိုက်ပြီး သင်ကြားပေးနိုင်ပါတယ်။ ဒါကတော့ ကလေးငယ်နဲ့ အနီးကပ်အမြဲရှိနေသူတေွ၊ နောက် မေမေ့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။
- ဒီအရွယ်ကလေးငယ်တေွဟာ အနည်းတော့ စကားလုံး ရ၀ ၀န်းကျင်ကို သိရှိမှတ်သားပြီးကြပြီလို့လည်း သုတေသနစစ်တမ်းတေွက ဖော်ပြထားပါတယ်။ အဲ့ဒီအတွက်မေမေတို့က စကားတေွကို သင်ကြားပေးဖို့အတွက် အတိအကျပြောဆိုနိုင်အောင် သင်ကြားပေးဖို့ဆိုရင် တစ်နှစ်အရွယ်စတင်လေ့ကျင့်ပေးနိုင်ပြီလို့လည်း ဆိုပါတယ်နော်။
ကလေးငယ်တေွ တစ်နှစ်ပြည့်ပြီဆိုရင်တော့ အရာအားလုံးသိပြီး တတ်သိနားလည်နေပြီဖြစ်လို့ ကလေးတေွရဲ့ စိတ်ဒဏ်ရာဖြစ်စေမယ့် အပြောအဆိုတေွ၊ အပြုအမူတေွကို လုံးဝမပြုလုပ်မိစေဖို့အတွက် ဂရုစိုက်ပေးပါနော်။
မိခင်နှင့်ရင််သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)