
မေမေတို့ရေ ကလေး လေနာရောဂါက သားသားလေးတေွရော မီးမီးလေးတေွရော ဖြစ်ပေါ်တတ်ပါတယ်။ တကယ်လို့များ ကိုယ့်ရဲ့ဘေဘီလေးတေွက တစ်ရက်ကိုသုံးနာရီ၊ တစ်ပတ်ကို သုံးရက်နဲ့ သုံးပတ်လောက်အကြောင်းအရာ မယ်မယ်ရရမရှိဘဲ ငိုနေမယ်ဆိုရင် ကလေးလေနာရောဂါ ဖြစ်နိုင်ပါတယ်။

မေမေတို့ရေ ဘေဘီလေးရဲ့အသက်က ၂ ပတ်နဲ့ ၄ လကြားမှာရှိနေပြီး အခြားရောဂါလက္ခဏာလည်း ကြီးကြီးမားမားမရှိဘဲ နို့လည်းကောင်းကောင်းစို့တယ်၊ မငိုတဲ့အချိန်မှာဆိုရင် အကောင်းပကတိအတိုင်းရှိနေမယ်ဆိုရင်တော့ ကလေးလေနာရောဂါ ဖြစ်နိုင်ချေများနေပါပြီနော်။

မေမေတို့ရေ တစ်ခုသတိထားရမှာကတော့ အသည်းအသန်ငိုနေတဲ့ ကလေးတေွမှာ ၅ ရာခိုင်နှုန်းလောက်က ပင်မရောဂါကြီးအခံတစ်ခုခု ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် ကလေးက ဘယ်လိုပဲချော့ချော့ အငိုမတိတ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့တစ်ကြိမ်လောက်တော့ ပြသကြည့်ပါနော်။

ဒါမှလည်း တခြားရောဂါတစ်ခုခုရှိနေမယ်ဆိုရင် အချိန်မီကုသပေးလို့ရနိုင်မှာပါ။ ရိုးရိုးလေနာတာဆိုရင်တော့ သာမန်လေဆေးနဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု၊ နှစ်သိမ့်မှုပေးလိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ပျောက်ကင်းသွားနိုင်မှာလည်းဖြစ်ပါတယ်။ မေမေတေွအားလုံးလည်း သတိပြုပြီး ဘေဘီလေးတေွရဲ့ ဝေဒနာကို လေှျာ့ချပေးနိုင်ပါစေနော်။
#migi