မေမေတို့ရေ အသက် ၆ လပြည့်ပြီဆိုတာနဲ့ သားသားမီးမီးလေးတေွဟာ ဘယ်လိုပုံစံမျိုးနဲ့ ပြောင်းလဲမှုတေွရှိလာတယ်ဆိုတာကို ကျားလေးကနေ မှျဝေပေးချင်ပါတယ်။
- ၆ လနောက်ပိုင်းမှာ ကလေးငယ်တေွဟာ ရေွ့လျားမှုတေွရှိလာနေပါပြီ။ အထောက်အပံ့တစ်ခုခုနဲ့ သူတို့ဟာ မတ်တပ်ရပ်ဖို့ကြိုးစားလာကြပါပြီ။ လေးဘက်တွားရာကတဆင့် လူကြီးတေွကိုထိန်းခိုင်းပြီး ရပ်ဖို့ကို အာရုံစိုက်ရင်းက စူးစမ်းတတ်တဲ့အချိန်ရောက်လာပါပြီ။
- ခံစားတတ်မှုတေွကလည်း ၆ လနောက်ပိုင်းမှာ ပိုမိုပြီးဖြစ်ပေါ်လာတတ်ပါတယ်။ မိဘတေွကိုပိုပြီး သိလာသလို အခြားအနီးကပ်ရှိသူတေွရဲ့ မေတ္တာတေွကို ခံစားတတ်ပါပြီ။ အမေ၊ အဖေကိုသိနေပြီး သူတို့တေွကို မေှျာ်လင့်နေတတ်နေပြီလည်းဖြစ်ပါတယ်။ ၉ လလောက်ဆိုရင်တော့ မိခင်ကိုကောင်းကောင်းသိပြီး မတေွ့ရင်တောင်ရှာဖေွတတ်နေတဲ့အရွယ်ဖြစ်နေပါပြီ။
- စကားပြောဖို့အတွက်လည်း စူးစမ်းတတ်နေပါပြီ။ နောက်ပြီး အနီးနားမှာပြောဆိုသမှျကိုလည်း လိုက်လံမှတ်သားပြီး ပြောဆိုဖို့အတွက် အားယူတတ်တဲ့အရွယ်လည်း ဖြစ်နေပါပြီ။ ဒီအရွယ်မှာ သူတို့လေးတေွ ၀ူးဝူးဝါးဝါးနဲ့ ပြောဆိုနေတာတေွဟာ လူကြီးတေွပြောနေတာကို အတုယူပြီး လိုက်လံပြောဆိုနေတာလည်းဖြစ်ပါတယ်။ စကားမပြောတတ်သေးတဲ့အရွယ်ဆိုတော့ သူတို့ကိုယ်တိုင်က ပြန်မပြောတတ်သေးပေမယ့် ခံစားသိမှုတေွရှိပြီး မှတ်သားထားတာ၊ မကြိုက်တာ၊ သဘောမကျတာကို ငြင်းဆန်တာတေွနဲ့ သဘောကျတဲ့အရာတေွကို ၀မ်းသာစွာနဲ့ လက်ခံတတ်တဲ့အရွယ်ဖြစ်နေပါပြီ။
မေမေတို့ရေ ဒီလိုအရွယ်မှာ ကလေးငယ်က အရာရာကို သင်ယူနေချိန်ဖြစ်လို့ အခြားအရွယ်တေွထက်ပိုမိုပြီး ဂရုစိုက်ပေးဖို့လည်း လိုအပ်နေပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)