ညီမသမီးလေးကို 30.3.2018 မှာ ခွဲမေွးခဲ့ပါတယ် ။ သက်ဦးလည်းဖြစ်၊ ဗိုက်ကလည်းခွဲထား နို့ကလည်းအရမ်းလှုိင်တော့ လှဲတိုက်လို့လည်းမရနဲ့ ချုပ်ရိုးကလည်းနာတော့ နို့တိုက်ရတာ ကလေးထိန်းရတာတေွက အရမ်းကိုခက်ခဲပါတယ်၊ သမီးလေး ဆေးရုံကဆင်းလာတော့ နေ့နဲ့ညမှားမှာ စိုးလို့ နေ့ရောက်ပီ ညရောက်ပီ အမြဲတမ်းပြောပေးပါတယ် ညဆိုလညး်ညအိပ်မီးနဲ့သိပ်တာပေါ့ သမီးလေး ၁လပြည့်ခါနီးမှာပဲ နေ့နဲ့ည မှားပါတော့တယ် အိပ်ခဲ့ရင်လည်း ၁ညလုံးမှ(၃)နာရီလောက်သာအိပ်ပါတယ် မိုးလင်းပေါက် မအိပ်တာများပါတယ် နေ့ဆိုရင်တော့ ဘယ်လိုမှနှုိးမရပါ နေ့နဲ့ညပြန်မှန်အောင် တော်တော်လေးကို နည်းမျိုးစုံခဲ့ပါတယ် (၁)ကလေးကိုခေါင်းရင်းဘက်ခြေထောက်ထားသိပ်တယ် (၂)အိပ်ယာကိုခြေရင်းခေါင်းရင်း ပြောင်းပြန်သိပ်တယ် (၃)ကလေးအိပ်ရင်ခေါင်းရင်းမှာ ဖယောင်းတိုင်ဘ မီးထွန်းတယ် (၃)ရေချိုးရင်အမေှာင်လေးချမီးလေးထွန်းပြီး ဒါညနော်လို့ပြောတယ် (၄)ဗေဒင်မေးပြီး ယတြာတေွလည်းချေပါတယ် (၅)အသိအဘကလည်း မန်းထားတဲ့ရေတေွနဲ့ ကလေးမျက်လုံးတေွကို ၀ိုင်းပေးပါတယ် (၆)အိမ်မှာလည်းသိုက်တေွကို လ္ဘက်ဆက်နို့ဆက်တေွလုပ်ပေးပါတယ် ၊ (၇)နို့တိုကတဲ့အချိန် ဆိ်ုရင်လည်းဆံပင်လေးတေွကိုသပ်ပေးပီး ပဌာန်းလေးရွတ်ပေးပါတယ် ၊ (၈)သောက်ရည်နဲ့မျက်နှာသစ် ပေးတယ် ဘယ်လိုနည်းနဲ့မှမရဘူး ကလေး(၅၆)ရတော့ ညီမအလုပ်ပြန်ဝင် ရပါတယ် ညဘက်ကမအိပ်ရ နေ့ဆိုအလုပ်သွားတော့ လူလည်းအရမ်းပန်း အလုပ်သွားချိန်ကလေးကိုညီမနို့ပဲ ညစ်စက်နဲ့ညစ်ပြီး တိုက်တော့ပိုပင်ပန်းပါတယ် သမီးလေး(၉၉)ရက်သားထိ နေ့နဲ့ညမှားတုန်းပါ ရက်(၁၀၀)ပြည့်တော့ သမီးလေးကို လက်ကောက်လေး(၂)ဖက်နဲ့ ဆွဲကြိုးလေး(၁)ကုံး လုပ်ပေးဖြစ်ပါတယ် အဲ့ဒါသွားလုပ်တဲ့ မနက်ကစပြီး ဆိုင်ကပြန်လာတဲ့အချိန်ထိ နာရီဝက်လောက်ပဲအိပ်ပါတယ် အိမ်ရောက်တော့ ကလေးက အောက်ချထားတာကို သူ့မျက်နှာကိုအပေါ်ကိုကြည့်ပြီး ရယ်ရယ်မောမောနဲ့ စကားတေွအကြာကြီး ပြောနေပါတယ် ပြောလည်းပြီးရော ညနေ(၄)နာရီထဲက အိပ်တာ မနက်(၄ခွဲ)ထိပါပဲ နို့လည်း(၂)ခါပဲ ထစို့ပါတယ် အဲ့နေ့ကစပြီး သမီးလေးလည်း အအိပ်မှန်သွားတာ ခုဆို သမီးလေး (၄)လပြည့်တော့ ပါမယ် ၊ လူကြီးတေွပြောတာတော့ ခမဲလိုနေတာ အဲဒါခမဲပေးလိုက် သလိုဖြစ်သွားတာလို့ ပြောပါတယ်၊ ဒီမေမေလည်း ခုမှ အိပ်ရပါတော့တယ်၊