Baby လေးတေွကို ညအိပ်အောင် Train ပေးတဲ့ အကြောင်းလေး နည်းနည်းလောက် မျှဝေချင်လို့ပါ...
သူငယ်ချင်းတေွက ပြောကြတယ် သူတို့သားသမီးတေွတုန်းက ၈လလောက်ထိ နေ့ညမှားနေလို့တဲ့.. အခု ဖူးရဲ့သမီးလေးက ၃လကျော်ပါပြီ .. သူ ၁လ လောက်မှာကတည်းက ညကို ၂ခါလောက်ပဲ ထရတယ်.. အခုဆို ၁ခေါက်ပဲ ထရတယ်.. တစ်ခါတစ်လေ ၁၀ ခွဲလောက်တည်းက အ်ိပ်ပြီး မနက်မိုးလင်းခါနည်းမှ ထတော့တယ်..
ဒီအရွယ်မှာ ကလေးက ၆နာရီလောက် ဆက်တိုက်အိပ်ရင် ကံကောင်းတဲ့ မိဘတေတဲ့.. အမှန်က ကံဆိုတာထက် ဉာဏ်နဲ့ လေကျင့်မှုလည်း အများကြီးဆိုင်ပါတယ်.. ကလေးကို ညအိပ်တာ Train ဖို့က စောတယ်ဆိုတာ မရှိပါဘူး စောလေကောင်းလေပါပဲ.. သူညအိပ်တဲ့နေတာကို ၁နေရာပဲ သတ်မှတ်ထားပေးပါ.. အိပ်ချိန်လည်း သတ်မှတ်ထားပေးပါ.. ကလေးက နောင် အလိုလိုသိလာပါလိမ့်မယ်.. ကလေးညအိပ်ရင် ညအိပ်ချိန်ဖြစ်ကြောင်းပြောပေးပါ.. နှုတ်ဆက်စကားပြောပါ.. မီးရောင်ကို နေ့ခင်းအရောင်နဲ့ ကွဲကွဲပြားပြားထားပေးပါ.. ညဘက် တရေးနိုးရင် ကလေးကို မမြှူပါနဲ့.. ကလေးသေချာနိုးသွားတတ်လို့ပါ.. နို့တိုက်စရာတိုက်ပြီး အသာလေးပြန်သိပ်လိုက်ပါ.. မနက်မိုးလင်းလို့နိုးရင်လည်း မနက်ရောက်ကြောင်း ပြောပေးပါ.. မီးတေွဖွင့်၊ ကန့်လန့်ကာဖွင့်ပြီး နေ့အလင်းဝင်အောင် ထားပေးပါ.. အဲလိုဆို ကလေးက တဖြည်းဖြည်းအကျင့်ရလာပါလိမ့်မယ်.. ဖူးကိုယ်တိုင်လည်း စာတေွဖတ်ရင်း ကလေးကိုလေ့ကျင့်ပေးတာမို့လို့ လိုအပ်တာတေွလည်း ရှိနေမှာပါ.. ဘဝတူတေွ အိပ်ရေးဝဝအိပ်နိုင်ကြပါစေလို့..