မေမေတို့ရေ ပျားရည်ဆိုတာ ဆေးဘက်ဝင်ပစ္စည်းအဖြစ် ရေှးရေှးကတည်းက အသုံးပြုလာကြတာပါနော်။ အဲ့ဒီပျားရည်က ကိုယ်ဝန်ဆောင်မိခင်တေွရဲ့ ကျန်းမာရေးစောင့်ရေှာက်မှုအတွက်လည်း အထောက်အကူပြုနေတာကြောင့် မေမေတို့သိဖို့ မှျဝေပေးလိုက်ပါတယ်နော်။
ပျားရည်ဟာ ကိုယ်ဝန်ဆောင်မိခင်တေွရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။
ကိုယ်ဝန်ဆောင်ကာလ ခံတွင်းကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေပါတယ်။
ပျားရည်က ကိုယ်ဝန်ဆောင်မိခင်တေွအတွက် စိတ်ဖိစီးမှုတေွကို လျော့နည်းစေပါတယ်။
ဗီတာမင်တေွအများအပြားပါ၀င်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တေွရဲ့ ကျန်းမာရေးမှာ အထောက်အပံ့ဖြစ်စေပါတယ်။
အရေးပြားရဲ့ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။
အရိုးအဆစ်သန်မာစေဖို့ကိုလည်း အထောက်အကူပြုပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တေွရဲ့ အအေးမိချောင်းဆိုးတာ၊ လည်ချောင်းနာတာတေွကိုလည်း သက်သာစေပါတယ်။
အိပ်မပျော်တဲ့မိခင်တေွကလည်း ပျားရည်ကြောင့် အိပ်ပျော်စားဝင်စေပါတယ်။
အန်တီအောက်ဆီးဒင့်ဓာတ်ကြွယ်ဝသလို အချို့ဓာတ်မတည့်တာတေွကိုလည်း သက်သာစေနိုင်ပါတယ်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလမှာ ပျားရည်လေးကို သံပရာသီးလေးညှစ်ပြီး စားပေးဖို့လိုသလို သဘာဝပျားရည်ကိုလည်း နေအိမ်တေွမှာ ဆောင်ထားဖို့အတွက် မှျဝေအကြံပြုလိုက်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့််
HM (ကျားလေး)