မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလမှာ ကျန်းမာပြီး အာဟာရပြည့်ဝစေဖို့အတွက် မေမေတို့တေွအားလုံးက ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်နော်။ ကိုယ်ဝန်ဆောင်မိခင်ဘဝမှာ အခြားသူတေွထက် အစားတေွကိုပိုစားပေးဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်စအချိန် အစားအသောက်ပျက်နေချိန်မှာတောင် စားချင်စိတ်ရှိလာတာလေးတေွကို နည်းနည်းစီပဲဖြစ်ဖြစ် စားဝင်အောင်စားပေးဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ အာဟာရပြည့်ဝဖို့က အရေးအကြီးဆုံးပါပဲ။
ကိုယ်ဝန်ဆောင်ကာလမှာ သံဓာတ်၊ ဖောလိတ်ဓာတ်နဲ့ အမှျင်ဓာတ်၊ ဗီတာမင်တေွ ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ဖို့အတွက် ကြိုးစားချိန်မှာ ဖောလစ်အက်ဆစ်ကို မသောက်ခဲ့ဘူးဆိုရင်တော့ ကိုယ်ဝန်ဆောင်ရတာကို သိပြီးတဲ့အချိန်ကစလို့ ဖောလစ်အက်ဆစ်ကို တစ်နေ့တစ်လုံးမှန်မှန်သောက်သုံးပေးဖို့လိုပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက မနက်ခင်းမှာ နို့တစ်ခွက်ကိုတော့ သောက်ဖြစ်အောင် သောက်ပေးဖို့လိုပါတယ်။ နေ့လည်ခင်းမှာဆိုရင်လည်း ထမင်းစားပြီးချိန်မှာ သစ်သီးတစ်မျိုးမျိုးကို စားဖြစ်အောင်စားပေးပါ။ နေ့လယ်ပိုင်းအနားယူချိန်မှာလည်း အသီးအနှံလေးတေွကို စားပေးဖို့လိုအပ်ပါတယ်။ ညပိုင်းမှာတော့ ညစာစားပြီးတဲ့အခါ သစ်သီးဖျော်ရည်လေးတစ်ခွက်လောက် သောက်သုံးပေးရင်ပိုကောင်းပါတယ်နော်။
နောက်ထပ်လိုအပ်တာကတော့ ကိုယ်ဝန်ဆောင်မိခင်တေွအနေနဲ့ အသင့်စားအစားအစာတေွ၊ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့အစားအစာတေွနဲ့ ကျက်အောင်ချက်မထားတဲ့ အစားအစာတေွကိုတော့ ရေှာင်ရှားပေးဖို့လိုပါတယ်နော်။ အဲ့ဒါမှလည်း ကျန်းမာတဲ့မိခင်တစ်ဦးအဖြစ် ရင်သေွးလေးကို အဆင်ပြေပြေနဲ့ မေွးဖွားနိုင်မှာဖြစ်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HMM (ကျားလေး)