စျေး မီဒီယာ
အခြား

သားသားမီးမီးတို့အတွက် Home made ice cream ပြုလုပ်ပေးချင်ရင် ..

Posted by Harry July 21, 2018
Amdf3fyovlf00hnb0mnm

မေမေတို့ရေ သားသားမီးမီးလေးတေွက ice cream ပူဆာနေပေမယ့် အပြင်မှာဝယ်မကျေွးချင်ဘူး။ ကလေးကလည်း အခုပဲစားချင်တယ်လို့ ပူဆာနေတယ်ဆိုရင်တော့ အိမ်မှာပဲရှိတဲပစ္စည်းလေးတေွနဲ့ အလွယ်တကူပြုလုပ်ပေးနိုင်မယ့် နည်းလမ်းလေးကို မှျဝေပေးချင်ပါတယ်နော်။ မေမေတို့အတွက်လည်း မခက်ခဲ၊ သားသားမီးမီးတို့ ချောင်းဆိုးမှာလည်း မပူရစေဖို့ ကိုယ်တိုင်ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းလေးပါနော်။

မေမေတို့အနေနဲ့ Home made ice cream ပြုလုပ်ဖို့အတွက် နှစ်သက်ရာ သစ်သီးဖျော်ရည်တေွကို အသုံးပြုနိုင်ပါတယ်။ သားသားမီးမီးလေးတေွအတွက် နေစဉ်ဖျော်တိုက်နေတဲ့သစ်သီးဖျော်ရည်တေွနဲ့ ပြင်ဆင်ပေးနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း နို့တစ်ခွက်၊ မိုင်လိုတစ်ခွက်နဲ့လည်း ပြုလုပ်ပေးနိုင်ပါတယ်။

မေမေတို့အသုံးပြုချင်တဲ့ မိုင်လို၊ နို့၊ နှစ်သက်ရာသီးသီးဖျော်ရည်တစ်မျိုးမျိုးကို ပလတ်စတစ်အိတ်ထဲထည့်ပြီးပိတ်ပါ။ အဖတ်လေးတေွမပါစေဖို့ကိုတော့ ဂရုစိုက်ပေးပါနော်။ ပြီးတဲ့အခါမှာတော့ အဲ့ဒီအိတ်ထက်ပိုကြီးတဲ့ ပလတ်စတစ်အိတ်နောက်တစ်လုံးကိုယူပါ။ ဖျော်ရည်ထည့်ထားတဲ့အိတ်ကို အဲ့ဒီအိတ်အလွတ်ထဲထည့်ပါ။ ရေခဲသေတ္တာလေးထဲမှာခဲထားတဲ့ရေခဲတုံးလေးများကိုထည့်ပါ။ ဆားတစ်ဇွန်းထည့်ပါ။ ပြီးလှျင်အိတ်ကိုပိတ်ပြီး ရေခဲတုံးများအားလုံးရေပျော်သွားသည်အထိ ခေါက်ပေးပါ။ ရေခဲတုံးလေးများအရည်ပျော်သွားပြီဆိုရင်တော့ အထဲက ဖျော်ရည်အိတ်ကိုထုတ်ပြီးပန်းကန်လုံးလေးထဲမှာ သားသားမီးမီးတို့အတွက် Home made ice cream လေးကို ထည့်ပေးလို့ရပါပြီနော်။ (ပလတ်စတစ်အိတ်ကို ဖိဇစ်အိတ်အထူလေးကို အသုံးပြုပေးရင်ပိုကောင်းပါတယ်နော်) (နောက်ဆုံးသားသားမီးမီးတို့လည်း အရမ်းပူဆာနေတယ်။ အိတ်လေးကလည်း အဆင်သင့်မရှိဘူးဆိုရင်တော့ မေမေတို့ဝယ်ယူထားတဲ့ နို့သိမ်းအိတ်လေးတေွကို အသုံးပြုနိုင်ပါတယ်နော်)

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.