စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ဖြည့်စွတ်စာ ကျေွးမေွးချိန်တွင်သိမှတ်စရာများ

Posted by Kyaw Lin Han October 23, 2019
K1ubzikrs1qvnrxb7ll6

ဖြည့်စွက်အစာများကို ကလေးအသက် ၆ လအရွယ်ရောက်မှသာ စတင်ကျေွးမေွးရပါမည်။ မေွးစမှ ၆ လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ရပါမယ်။ ရေလည်း မတိုက်ရပါဘူး။ နို့ထဲတွင် ရေပါပြီးဖြစ်သည်။ မိခင်နို့ကို ကလေးဆာတိုင်း တိုက်ပေးရပါမည်။ဖြည့်စွက်အစာများကို ၆ လပြည့်မှ တဖြည်းဖြည်းစီ အကျင့်လုပ်ပြီးကျေွးရပါမယ်။မိခင်နို့ရည်ကို ကလေး အသက် ၂ နှစ်အထိ ဆက်တိုက်ရပါမယ်။ ၂နှစ်နောက်ပိုင်းတွင်လည်း ကလေးနှင့်မိခင်တို့ကြိုက်နှစ်သက်သလောက် ဆက်လက် တိုက်ကျေွးနိုင်ပါသည်။

Oepc1ccfcile5ptlt8ij

ဖြည့်စွက်အစာကျေွးရာတွင်ကလေး ဆာမှ ကျေွးသောအကျင့်ကို ကျင့်သုံးပါ။ မိမိကလေး၏ ဆာလောင်မှုနှင့် စားနိုင်နှုန်းကို ချင့်ချိန်ပါ။ တဖြည်းဖြည်းစီ စိတ်ရှည်လက်ရှည်ကျေွးပါ. ကလေးကို အားပေးချော့မြူကျေွးပါ။ အတင်းမကျေွးပါနဲ့။ အရသာမျိုးစုံရှိသော အစားအစာမျိုးစုံကို စမ်းသပ်ကျေွးမေွးပါ။ အစာကျေွးမေွးချိန်များသည် ကလေးအတွက် ပျော်ရွှင်ဖွယ်ရာ အချိန်များဖြစ်ပါစေ။ ဖြည့်စွတ်အစာများ ပြင်ဆင်ရာနှင့် သိုလေှာင်သိမ်းဆည်းရာတွင်လည်း အန္တရာယ်ကင်းရန်သတိပြုပါ။အစားအသောက် မပြင်ဆင်မှနှင့် မကျေွးမီတွင် သင်၏လက်နှင့် ကလေးငယ်၏ လက်တို့ကို သန့်ရှင်းစွာ ဆေးကြောပါ။

Wfumboc32mambicf6nzu

ကျေွးသည့်ပမာကိုတဖြည်းဖြည်း ချင်းစီတိုးပါ။ ၆လအရွယ် စတင်ကျေွးခါစတွင် အနည်းငယ်သာကျေွးပါ။မိခင်နို့ကို မကြာခဏတိုက်လျက်နှင့်ပင် ကလေးကပိုမိုစားလိုလှျင် တဖြည်းဖြည်းချင်းစီ တိုး၍ ကျေွးပါ။ ကျေွးသည့် ဖြည့်စွတ်အစာ၏ အပျော့အမာကို ကလေး၏ အကြိုက်ကိုလိုက်ပြီးပြောင်းလဲပေးပါ။စတင်ကျေွးရာမှာ အစာပျော့များကိုသာ ကျေွးရမည်ဖြစ်သော်လည်း ကလေးများက ဝါးစားခြင်းအတတ်ကို အလွယ်တကူတတ်မြောက်တတ်ကြပါတယ်။

Hc1t8iqnxk4cvhqfsmb1

အသက်ရလာသည်နှင့်အမှျ ကျေွးသည့်ပမာဏနဲ့ အကြိမ်ကို တိုးရပါမည်။ ၆ လမှ ၈လ အထိ တနေ့ နှစ်ကြိမ်မှ သုံးကြိမ် ၉လမှ ၂ နှစ်အထိ တစ်နေ့ ၃ ကြိမ်မှ ၄ ကြိမ်အထိ ကျေွးနိုင်ပါတယ်။ ထို့အပြင် အာဟာရပြည့်ဝသော သရေစာများကိုလည်း ကလေးတောင်းလှျင် တစ်နေ့ တစ်ကြိမ်၊ နှစ်ကြိမ် ထပ်မံကျေွးရပါမည်။ မိခင်နို့ကိုလည်း ဆက်တိုက်ရပါမည်။

Bbxgv7zypjczxzwpvegq

ရောဂါမဖြစ်အောင် ကာကွယ်ပေးသည့် ဗီတာမင်နဲ့ သတ္တုဓာတ်များ လုံလောက်စွာရရှိစေရန် အသား၊ငါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက် စုံလင်အောင် ကျေွးပါ။ သက်သက်လွတ်စားသော မိသားစုများတွင်တော့ ဗီတာမင်နှင့် သတ္တုဓာတ်များပါသော အားဆေးများ သောက်သုံးရန်လိုအပ်ပါတယ်။ အခြားမိခင်နှင့် ကလေးများတွင်လည်း ဗီတာမင် နှင့်သတ္တုဓာတ်ပါသော အားဆေးများ တိုက်ကျေွးသင့်ပါတယ်။

#MiGi

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.