စျေး မီဒီယာ

Posted by ဆေွမွန်ဦး July 19, 2018

အလုပ်ပြန်ဝင်ရမယ့်မေမေတို့အတွက် Sharing လေးလုပ်ပါရစေ

သား ၃လနဲ့ တစ်ပတ်ပြည့်တော့ရုံးပြန်တက်ရပါတယ်။ ခုဆို သုံးပတ်မြောက်ပါ။

နို့ဘယ်လောက်စို့မလဲ?

အဲ့ဒါကိုသိနိုင်ဖို့ googleလုပ်တာ။ Senior တေွ share တာအပြင် တစ်ရက်ကို နို့ဘူးပဲတိုက်ပြီး ခန့်မှန်းပါတယ်။ ခုဆိုသားက သူဆက်အိပ်ချင်ရင် 100 mlစို့ပြီး ပြန်အိပ်ပါတယ်။
ရေချိုးပေးပြီး ကစားပြီးမှ အိပ်ဖို့ဆိုရင် 20-60 ml ကြား ထပ်စို့ပြီး နို့နဲ့မှိန်းပြီးမှအိပ်ပါတယ်။ ရုံးချိန် က 8-4 မို့ 7:30 ကနေ 5 လောက် ကြားမှာ အရမ်းအိပ်ရင် 260 ml နဲ့ သိပ်မအိပ်တဲ့နေ့ဆို 360 ml လောက် ကုန်ပါတယ်။

နို့ညှစ်ပုံ

Sr. မေမေတို့ပြောတဲ့အတိုင်း ၂ပတ်ကြိညှစ်ပြီးခဲပါတယ်။
ညဆိုအိပ်ရင်းနို့တိုက်တော့ ညာဘက်ပဲတိုက်ဖြစ်ပါတယ်။ မနက် ၅ခွဲလောက်ဆို ဘယ်ဘက်နို့တင်းနေပြီဆိုတော့ ညှစ်ပါတယ်။ 80-110ml ရပါတယ်။ နေ့လယ် ၁၂ လောက်ထိ သားနို့တောင်းရင် ဘယ်ဘက်ကပဲတိုက်ပြီး ၁၂ မှာ ညာဘက်ကိုညှစ်ပါတယ်။ 100-140 mlရပါတယ်။ အဲ့လိုပဲတစ်လှည့်စီတိုက်ရင်း ၄ နာရီလောက်မှာ ဘယ်ဘက် 40-60ml နဲ့ ည ၈နာရီလောက်မှာ ညာဘက် 40-60ml ရပါတယ်။

ရုံးတက်တော့ ၅ နာရီခွဲ ကို အရင် အတိုင်းညှစ်ပါတယ်။ ရုံးမှာတော့နှစ်ဖက်လုံးကိုညှစ်ပါတယ်။ ၁၀:၄၅ မှာတစ်ခါ 100-140ml။ ၂:၃၀ မှာ 80-100 ml။ ၄နာရီ အိမ်မပြန်ခင်မှာ 50-70ml ပါ။

Avent Manual Pump ပဲသုံးတာပါ။
အိမ်မှာဆို တစ်ခါညှစ် တစ်ခါဆေး တစ်ခါပေါင်းပါ။
ရုံးမှာတော့ ညှစ်ပြီးရေခဲသေတ္တာထဲ ခွက်အသစ်လဲပြီးထားပါတယ်။ ညမှ ပေါင်း။ မနက်ညှစ်။ ရုံးမသွားခင် ပေါင်းချိန်မရှိလို့ ဆေးပြီး ရေနေွးထဲစိမ်ထား။ ရုံးမှာပထမဆုံးအကြိမ်မညှစ်ခင် ရေနေွးနဲ့ထပ်ဆေးပါတယ်။

ခွက်ဆိုတာ ပုံထဲက avent ကထုတ်တဲ့ food storage cup လေးတေွပါ။ ၁၀ခွက်တွဲဟာဝယ်ရင် pump တေွ Nipples တေွနဲ့တွဲစရာ ခေါင်းလေးပါပါတယ်။ အဖုံးပေါ်မှာခဲတံ နဲ့ နေ့တေွ အချိန်တေွ ပမာဏတေွ ရေးလို့ရပါတယ်။
နို့ညှစ်ရင် ခွက်လေးတေွထဲပဲ ညှစ်ပြီး သားကိုတိုက်မယ့် နို့ဘူး ၄ဘူးထဲ ညကျရင်ကြိုထည့်ပါတယ်။(Maximum တစ်ဘူးကို 100ml ထည့်ပါတယ်)။

အိပ်ချိန်နဲ့နို့တိုက်ပုံ

သားကစောစောမအိပ်ပါဘူး။ အစောဆုံး ၁၁ခွဲပါ။ နောက်ကျရင် ၁ခွဲပါ။ အိပ်ရေးပျက်လို့နည်းနည်းပင်ပန်းပေမယ့် သားအိပ်နေမှ မနက်ရုံးသွားဖို့ပြင်ဆင်ရတာ အဆင်ပြေလို့ အိပ် ချိန် အသစ် ထပ်မကျင့်ပါဘူး။ မနက်ဆိုသားက နို့စို့ ပြန်အိပ်နဲ့ ၁၁ လောက်မှ ထတော့ ထိန်းပေးရတဲ့ အဒေါ်တေွ သက်သာလို့လဲ ပါပါတယ်။

နို့ကလတ်လတ်ဆတ်ဆတ်နို့ ပြီးရင် ရေခဲသေတ္တာထဲ ရိုးရိုး အအေးခံထားတဲ့နို့ က အာဟာရ၊ antibodies ပျက်စီးတာအနည်းဆုံးပါ။ ဒါကြောင့် ခဲထားတဲ့နို့ က last choice ပါ။ သိပ်လိုမှထုတ်မယ်ဆုံးဖြတ်ပါတယ်။

နို့တိုက်တာတော့ရေှ့မှာပြောတဲ့အတိုင်း တစ်ခါတိုက် ၁၀၀ ပါ။ နိုးတာကြာရင် ထပ်တိုက်ပြီးသိပ်ရပါတယ်။ အဲ့အခါကျရင် နို့ကို 40ml လောက်ခွဲထည့်ပြီး တိုက်ပါတယ်။ ရေခဲသေတ္တာထဲကနို့ က အခန်းအပူချိန်မှာ ၄ နာရီလောက်ထားလို့ ရပေမယ့် ကလေးစို့လက်စဆို ၁ နာရီပဲထားလို့ရလို့ပါ။ သိပ်အိပ်လို့မစို့တဲ့နေ့ဆိုနို့တေွပိုပါတယ်။ ပိုရင် နောက်နေ့အရင်ဆုံးတိုက်ရမယ့် ဘူးကို အသိပေးခဲ့ရပါတယ်။

ခုချိန်ထိတော့ ဒီနေ့ညှစ် မနက်ဖြန် သို့မဟုတ် သဘက်ခါတိုက်တဲ့ပုံစံပါ။ ရေခဲသေတ္တာထဲ ၃ရက်ထိထားတိုက်လို့ရပေမယ့် ၂ရက် ကျော်နို့ကိုမတိုက်တော့ပါဘူး။
ခုထိတော့ ဒီပုံစံက နေ့တိုင်းလောက်တဲ့အပြင် ပိုတောင်ပိုလို့ Thursday Friday ဆို နို့ကိုချိန်ညှစ်ပါတယ်။ ပိုတာကိုတော့ သောကြာညနေမှာခဲဖို့သိမ်းပါတယ်။

ဒါခု ၃ပတ်အထိ အခြေအနေပါ။
တချို့မေမေများအတွက် အထောက်အကူပြုနိုင်ဖို့မေှျာ်လင့်ပါတယ်။ မေးချင်တာရှိရင်လဲမေးကြပါနော်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.