Kyarlay.com

almost 2 years

အ၀လြန္ကေလးေတြမျဖစ္ေစဖို႕ ေလ့က်င့္ေပးမယ္


Vccxhgkjgqrvwtecbcfz

ေမေမ၊ ေဖေဖတို႕ေရ ကိုယ့္ရဲ႕ရင္ေသြးေလးေတြ အ၀မလြန္ေစဖို႕အတြက္ ေလ့က်င့္ေပးၾကရေအာင္ေနာ္။ အ၀လြန္ေရာဂါျဖစ္လာတဲ့အခါ ေနာက္ဆက္တြဲအေနနဲ႕ ႏွလံုးေရာဂါ၊ သည္းေျခအိတ္ေရာဂါ၊ ရင္ၾကပ္ေရာဂါ၊ ေသြးတိုးေရာဂါနဲ႕ ဆီခ်ဳိေရာဂါ၊ စိတ္ဓာတ္က်ေရာဂါေတြျဖစ္ေပၚလာႏိုင္ပါတယ္ေမေမတို႕ေရ။ အရမ္းအ၀လြန္လာမယ္ဆုိရင္ အိပ္ေပ်ာ္ေနစဥ္မွာ အသက္ရွဴရပ္ၿပီး အသက္ကိုပါဆံုးရံႈးတဲ့အထိျဖစ္ေပၚတတ္တာမို႕လို႕ ေမေမတို႕အားလံုးက ငယ္စဥ္ကတည္းက ေဘဘီေလးေတြကို ဂရုတစိုက္နဲ႕ အ၀မလြန္ေအာင္ ထိန္းေက်ာင္းေပးဖို႕ လုိပါတယ္ေနာ္။



Zdztchliptzvqqzrwjzo

ေမေမ၊ ေဖေဖတို႕က ကိုယ့္ရဲ႕ရင္ေသြးေလးေတြကို အ၀လြန္ေရာဂါရွိ၊ မရွိသိရွိလိုတယ္ဆိုရင္ေတာ့ အသက္အရြယ္အလိုက္ရွိသင့္တဲ့ ကိုယ္အေလးခ်ိန္ထက္ပိုမ်ားေနလား၊ အျခားရြယ္တူကေလးငယ္ေတြ ယွဥ္ပါက ၀လြန္းေနလား ဆိုတာေတြနဲ႕ ႏႈိင္းယွဥ္ၿပီး ခ်င့္ခ်ိန္ႏိုင္ပါတယ္။ တကယ္လို႕ အ၀လြန္ေရာဂါရွိေနတယ္လို႕ စိတ္ထဲမွာသံသယရွိေနတယ္ဆိုရင္ေတာ့ ဆရာ၀န္နဲ႕စစ္ေဆးဖို႕လိုအပ္ပါတယ္ေနာ္။ က်န္းမာျပည့္ၿဖိဳးတဲ့ကေလးနဲ႕ အ၀လြန္ကေလးခ်င့္ခ်ိန္သိရွိၿပီး ကေလးငယ္ေတြရဲ႕ က်န္းမာေရးကို ေစာင့္ေရွာက္မႈေပးႏိုင္ၾကပါေစေနာ္။

(ေဒါက္တာ အိအိခင္(ကေလး) ေရးသားသည့္ အ၀လြန္ေရာဂါအေၾကာင္း သိေကာင္းစရာေဆာင္းပါး(ေမ့ရင္ေသြး) မွေကာက္ႏုတ္ထားပါသည္)

မိခင္နဲ႕ရင္ေသြးတိုင္းအတြက္ ေမတၱာမြန္ျဖင့္
HM (က်ားေလး)

<<<< Unicode Version ျဖင့္ဖတ္ရန္ >>>>


အဝလွန်ကလေးတွေမဖြစ်စေဖို့ လေ့ကျင့်ပေးမယ်

မေမေ၊ ဖေဖေတို့ရေ ကိုယ့်ရဲ့ရင်သွေးလေးတွေ အဝမလွန်စေဖို့အတွက် လေ့ကျင့်ပေးကြရအောင်နော်။ အဝလွန်ရောဂါဖြစ်လာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ၊ သည်းခြေအိတ်ရောဂါ၊ ရင်ကြပ်ရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီချိုရောဂါ၊ စိတ်ဓာတ်ကျရောဂါတွေဖြစ်ပေါ်လာနိုင်ပါတယ်မေမေတို့ရေ။ အရမ်းအဝလွန်လာမယ်ဆိုရင် အိပ်ပျော်နေစဉ်မှာ အသက်ရှူရပ်ပြီး အသက်ကိုပါဆုံးရှုံးတဲ့အထိဖြစ်ပေါ်တတ်တာမို့လို့ မေမေတို့အားလုံးက ငယ်စဉ်ကတည်းက ဘေဘီလေးတွေကို ဂရုတစိုက်နဲ့ အဝမလွန်အောင် ထိန်းကျောင်းပေးဖို့ လိုပါတယ်နော်။
မေမေ၊ ဖေဖေတို့ရေ ကလေးငယ်မှာ အဝလွန်ရောဂါဖြစ်နေပြီ (ဒါမှမဟုတ်) အဝလွန်ရောဂါမဖြစ်စေဖို့အတွက် ကာကွယ်ပေးချင်တယ် (ဒါမှမဟုတ်) အဝလွန်ရောဂါဖြစ်ဖို့အတွက် အစပျိုးနေပြီဆိုရင်တော့ သတိထားပြီး လေ့ကျင့်ပြုစုပေးဖို့လိုပါတယ်နော်။ ကလေးတွေကို သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားစေဖို့လိုပါတယ်။ ကျောင်းနေရွယ်ရောက်ပြီဆိုရင်လည်း လမ်းလျှောက်လို့ရတဲ့နေရာကစပြီး ကျောင်းကိုလမ်းလျှောက်သွားပါစေ။ အဓိကက ကလေးတွေကို လမ်းများများလျှောက်စေဖို့ပါ။ နောက်ပြီး နေ့စဉ် မိနစ်သုံးဆယ်လောက် ကိုယ်လက်လှုပ်ရှားမှုအားကစားလုပ်ဖို့လိုပါတယ်။ တီဗီနဲ့ ကွန်ပျူတာဂိမ်းတွေကစားတတ်တဲ့ ဘေဘီလေးတွေကိုတော့ တစ်ရက်ကို ၂ နာရီ၊ အများဆုံးတစ်ပတ် ၁၄ နာရီလောက်သာ ကစားစေဖို့လိုပါတယ်။
ကယ်လိုရီများတဲ့အစားအစာတွေကို ရှောင်ရှားပြီး အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို များများစားစေဖို့လိုပါတယ်။ နောက်ပြီး မိသားစုကပါ အဝလွန်တာကို ထိန်းသိမ်းလိုစိတ်ရှိပြီး ပါ၀င်ကူညီပေးဖို့ လိုအပ်ပါတယ်။
တကယ်လို့ အဝလွန်ရောဂါဖြစ်နေတဲ့ ကလေးတွေဆိုရင်တော့ အဝလွန်ရောဂါဖြစ်ပွားသူအချင်းချင်း စကားပြောစေပြီး အတွေ့အကြုံအခက်အခဲတွေကို မျှဝေပေးဖို့လိုအပ်ပါတယ်။ တစ်ဦးကိုတစ်ဦးကူညီပြီး ဆရာဝန်နဲ့လည်း ရက်ချိန်းမှန်မှန်ပြသဖို့လိုအပ်ပါတယ်နော်။
မေမေ၊ ဖေဖေတို့က ကိုယ့်ရဲ့ရင်သွေးလေးတွေကို အဝလွန်ရောဂါရှိ၊ မရှိသိရှိလိုတယ်ဆိုရင်တော့ အသက်အရွယ်အလိုက်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေလား၊ အခြားရွယ်တူကလေးငယ်တွေ ယှဉ်ပါက ၀လွန်းနေလား ဆိုတာတွေနဲ့ နှိုင်းယှဉ်ပြီး ချင့်ချိန်နိုင်ပါတယ်။ တကယ်လို့ အဝလွန်ရောဂါရှိနေတယ်လို့ စိတ်ထဲမှာသံသယရှိနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့စစ်ဆေးဖို့လိုအပ်ပါတယ်နော်။ ကျန်းမာပြည့်ဖြိုးတဲ့ကလေးနဲ့ အဝလွန်ကလေးချင့်ချိန်သိရှိပြီး ကလေးငယ်တွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှုပေးနိုင်ကြပါစေနော်။

(ဒေါက်တာ အိအိခင်(ကလေး) ရေးသားသည့် အဝလွန်ရောဂါအကြောင်း သိကောင်းစရာဆောင်းပါး(မေ့ရင်သွေး) မှကောက်နုတ်ထားပါသည်)

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)


Somyy3kepass9pdbys9u

ေမေမ၊ ေဖေဖတို႕ေရ ကေလးငယ္မွာ အ၀လြန္ေရာဂါျဖစ္ေနၿပီ (ဒါမွမဟုတ္) အ၀လြန္ေရာဂါမျဖစ္ေစဖို႕အတြက္ ကာကြယ္ေပးခ်င္တယ္ (ဒါမွမဟုတ္) အ၀လြန္ေရာဂါျဖစ္ဖို႕အတြက္ အစပ်ဳိးေနၿပီဆုိရင္ေတာ့ သတိထားၿပီး ေလ့က်င့္ျပဳစုေပးဖို႕လိုပါတယ္ေနာ္။ ကေလးေတြကို သူငယ္ခ်င္းေတြနဲ႕ ေျပးလႊားေဆာ့ကစားေစဖို႕လိုပါတယ္။ ေက်ာင္းေနရြယ္ေရာက္ၿပီဆုိရင္လည္း လမ္းေလွ်ာက္လို႕ရတဲ့ေနရာကစၿပီး ေက်ာင္းကိုလမ္းေလွ်ာက္သြားပါေစ။ အဓိကက ကေလးေတြကို လမ္းမ်ားမ်ားေလွ်ာက္ေစဖို႕ပါ။ ေနာက္ၿပီး ေန႕စဥ္ မိနစ္သံုးဆယ္ေလာက္ ကိုယ္လက္လႈပ္ရွားမႈအားကစားလုပ္ဖို႕လိုပါတယ္။ တီဗီနဲ႕ ကြန္ပ်ဴတာဂိမ္းေတြကစားတတ္တဲ့ ေဘဘီေလးေတြကိုေတာ့ တစ္ရက္ကို ၂ နာရီ၊ အမ်ားဆံုးတစ္ပတ္ ၁၄ နာရီေလာက္သာ ကစားေစဖို႕လိုပါတယ္။


Hodggnzyvswwrkiobzyw

ကယ္လိုရီမ်ားတဲ့အစားအစာေတြကို ေရွာင္ရွားၿပီး အသီးအႏွံ၊ ဟင္းသီးဟင္းရြက္ေတြကို မ်ားမ်ားစားေစဖို႕လိုပါတယ္။ ေနာက္ၿပီး မိသားစုကပါ အ၀လြန္တာကို ထိန္းသိမ္းလိုစိတ္ရွိၿပီး ပါ၀င္ကူညီေပးဖို႕ လိုအပ္ပါတယ္။
တကယ္လို႕ အ၀လြန္ေရာဂါျဖစ္ေနတဲ့ ကေလးေတြဆိုရင္ေတာ့ အ၀လြန္ေရာဂါျဖစ္ပြားသူအခ်င္းခ်င္း စကားေျပာေစၿပီး အေတြ႕အႀကံဳအခက္အခဲေတြကို မွ်ေ၀ေပးဖို႕လိုအပ္ပါတယ္။ တစ္ဦးကိုတစ္ဦးကူညီၿပီး ဆရာ၀န္နဲ႕လည္း ရက္ခ်ိန္းမွန္မွန္ျပသဖို႕လိုအပ္ပါတယ္ေနာ္။