မေမေတို့ရေ သားသားမီးမီးလေးတေွမေွးဖွားလာပြီးချိန်မှာ ကလေးငယ်တေွရဲ့ အသက်ဟာ ချက်ကြိုးပါပဲနော်။ အဲ့ဒီအတွက် ချက်ကြိုးမှာအန္တရာယ်မရှိရလေအောင် မေမေတို့တေွအားလုံးက ဂရုစိုက်ပေးဖို့လိုအပ်နေပါတယ်။ ကလေးမေွးဖွားပြီးချိန်မှာ ချက်ကြိုးကိုထိခိုက်မှုမရှိအောင်၊ ချက်ကြိုးကိုရေမစိုအောင်ဂရုတစိုက်နဲ့ထိန်းသိမ်းပေးရပါမယ်။ နောက်ထပ်လိုအပ်တာတစ်ခုကတော့ တစ်ရက်နှစ်ကြိမ် ချက်ကြိုးကို သန့်စင်ပေးဖို့လည်းလိုအပ်ပါသေးတယ်။ ချက်မကြေွမီတစ်လေှျာက်လုံးနဲ့ ချက်ကြေွှပီးရက်ပိုင်းမှာလည်း ကလေးငယ်ကို အဝတ်အစားဝတ်ဆင်ပေးတာကအစ ချက်ကိုမထိမိစေဖို့ကို သတိပြုပေးဖို့ ဂရုစိုက်ပေးဖို့လိုပါတယ်။
ချက်ကြိုးနဲ့ပတ်သက်ပြီး အနံ့ထွက်လာတာ၊ အရည်ထွက်တာ၊ သေွးထွက်တာ၊ နီမြန်းလာတာတေွနဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုတေွ့ရပြီဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြသပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတေွကို ခံယူပေးဖို့အတွက် မမေ့ပါနဲ့နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)