မေမေတို့ရေ သားသားမီးမီးလေးတေွ ဖြည့်စွက်စာကျေွးချိန်ရောက်လာပြီဆိုရင်တော့ ကလေးငယ်တေွအတွက် လိုအပ်မယ့် အာဟာရတေွစုံလင်ပြီး ကလေးငယ်တေွရဲ့ကြီးထွားဖံွ့ဖြိုးရေးအတွက် အထောက်အပံ့ပြုစေမယ့် အစားအစာတေွကို ရေွးချယ်ပေးဖို့လိုအပ်ပါတယ်နော်။ ဒီတစ်ခါမှာတော့ ကလေးငယ်တေွ ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ဖြစ်စေမယ့် ကုလားပဲဖြည့်စွက်စာလေးကို ပြင်ဆင်ပေးလိုက်ရအောင်နော် ..
ပါ၀င်ပစ္စည်းများ...
- အားဖြည့်ဆန် ... စားပွဲဇွန်း ၃ ဇွန်း
- ကုလားပဲပြုတ်ပြီးသား ... စားပွဲဇွန်း ၂ ဇွန်း
- ကြက်သွန်နီ ... တစ်ခြမ်း (နုတ်နုတ်စင်းထားပါ)
- ထောပတ် ... အနည်းငယ်
- နနွင်းမှုန့် ... အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း ..
- ဦးစွာ အိုးသန့်သန့်ထဲသို့ ထောပတ်ထည့်ပြီး ကြက်သွန်နီဆီသတ်ပါ။ နနွင်းမှုန့်ထည့်ပါ။
- အားဖြည့်ဆန်ကို ရေဆေးထည့်ပါ။ ကုလားပဲပြုတ်ထည့်ပါ။
- ပြီးလှျင်မေွှပေးပါ။ ၂ မိနစ်ခန့်မေွှပေးပြီးပါက ရေပန်းကန်လုံးတစ်လုံးထည့်ပြီး အဖုံးပိတ်ထားပါ။
- ၁၀ မိနစ်ခန့်ကြာပါက အဖုံးဖွင့်ပြီး မေွှပေးပါ။
- ရေခမ်းသွားသည်အထိပြုတ်ပေးပြီး ဆန်၊ ပဲနူူးအိသွားလှျင် မီးဖိုပေါ်မှချပြီး ကျေသွားအောင် ကျိတ်ချေကာ သားသားမီးမီးတို့အတွက် ပြင်ဆင်ပေးနိုင်ပါပြီ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)