မေမေတို့ရေ ဒီတစ်ခါတော့ သားသားမီးမီးလေးတေွရဲ့ ကျန်းမာရေးအတွက် ညီညွတ်မှျစေပြီး ကောင်းမွန်တဲ့အာဟာရတေွရရှိစေမယ့် သီးစုံအနှစ်ပြုလုပ်ပြင်ဆင်နည်းလေးကို မှျဝေပေးမယ်နော်။ အဲ့ဒီသီးစုံအနှစ်လေးကိုတော့ ကလေးငယ်တေွအတွက် အကောင်းမွန်ဆုံးပြင်ဆင်ပေးနိုင်ပါတယ်နော်။ ပြုလုပ်နည်းလေးကလည်း လွယ်ကူတဲ့အပြင် ကလေးတေွအထူးနှစ်သက်စေမှာလည်းဖြစ်လို့ မေမေတို့က အခုပဲပြင်ဆင်ပေးလိုက်ရအောင်နော်။
သီးစုံအနှစ်ပြုလုပ်နည်း
============
ပါ၀င်ပစ္စည်းများ ...
- တယ်သီး ... တစ်လုံး
- ပန်းသီး ... တစ်လုံး
- ပန်းသစ်တော်သီး ... တစ်လုံး
- သံပယိုသီး ... တစ်လုံး
ပြင်ဆင်ပြုလုပ်နည်း ..
- ဦးစွာတယ်သီး၊ ပန်းသီး၊ ပန်းသစ်တော်သီးကို ရေစင်အောင်ဆေးပြီး အလယ်အူတိုင်၊ အစေ့များထုတ်ကာ အတုံးလေးများတုံးထားပါ။
- ပြီးလှျင် အိုးတစ်လုံးထဲထည့်၍ ပေါင်းပါ။
- ၁၀ မိနစ်ခန့်ပေါင်းပြီးပါက မီးဖိုပေါ်မှချပြီး blander ထဲထည့်ပါ။
- ပြီးလှျင် အထဲသို့ သံပယိုသီးကို အခွံအတိုင်းခြစ်ဖြင့် ခြစ်ထည့်ပါ။
- အခွံခြစ်ထည့်ပြီးလှျင် (သံပယိုသီးမပါ၀င်ဘဲ) အသီးများကို blander ဖြင့်ကျိတ်ချေပြီး သားသားမီးမီးတို့အတွက် ပြင်ဆင်ပေးနိုင်ပါပြီ။
တယ်သီးကတော့ အမှျင်ဓာတ်ကြွယ်ဝပြီး အူလမ်းကြောင်းဆောင်တာများကို ကောင်းမွန်စဖို့ ကလေးငယ်တေွရဲ့ကျန်းမာရေးအတွက် အထူူးသင့်တော်ပါတယ်။ ပန်းသစ်တော်သီးကတော့ အမှျင်ဓာတ်အပြင် ဗီတာမင်တေွလည်း ကြွယ်ဝတဲ့အသီးဖြစ်လို့ သားသားမီးမီးတို့အတွက် လိုအပ်တဲ့အာဟာရဓာတ်တေွကို အများကြီးအထောက်အကူပြုမှာဖြစ်ပါတယ်နော်။
ref ;HM (ကျားလေး)