မေမေတို့ရေ သားသားမီးမီးလေးတေွရဲ့ ခံတွင်းသန့်ရှင်းပြီး ခံတွင်းသန့်ရှင်းရေးနဲ့ဆက်စပ်နေတဲ့ သွားကျန်းမာသန့်ရှင်းရေးအတွက် ဘယ်လိုဂရုစိုက်သင့်တယ်ဆိုတာလေးတေွကို မှျဝေပေးမယ်နော်။ သားသားမီးမီးလေးတေွရဲ့ ခံတွင်းသန့်ရှင်းရေးအတွက်ကတော့ ဖြည့်စွက်စာတေွစားသုံးချိန်မရောက်မီ နို့စို့အရွယ်မှာကတည်းက စတင်ပြုလုပ်သင့်နေပါပြီ။ ကလေးငယ်တေွခံတွင်းသန့်ရှင်းရေးပြုလုပ်တဲ့ပစ္စည်းလေးနဲ့ လှျာလေးတေွ၊ နှုတ်ခမ်းတေွကိုသန့်စင်ရေးရင်ပိုကောင်းပါတယ်။
သွားသန့်ရှင်းရေးကိုတော့ သွားစတင်ပေါက်တဲ့အချိန်မှာကတည်းကလုပ်ဆောင်ပေးဖို့လိုအပ်နေပြီး ကလေးသွားတိုက်ဆေး၊ ကလေးသွားပွတ်တံနဲ့ စနစ်တကျသုံးစွဲတတ်အောင် လေ့ကျင့်ပေးထားသင့်ပါတယ်။ နောက်ထပ်လိုအပ်တာကတော့ ကလေးငယ်တေွရဲ့ခံတွင်းသန့်ရှင်းရေးအပြင် လှပမှုအတွက် ငယ်စဉ်အခါမှာ သွားလေးတေွကို လှျာနဲ့ထိုးတတ်တဲ့အကျင့်၊ သွားတေွကို လက်နဲ့ကိုင်ပြီးဆော့ကစားတတ်တဲ့ အကျင့်လေးတေွကို ပြုပြင်ပေးပြီး လှပတဲ့သွားလေးတေွနဲ့ သန့်စင်တဲ့ခံတွင်းကျန်းမာရေးကို ရရှိစေဖို့အတွက် ဂရုစိုက်ပေးလိုက်ပါဦးနော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)