Kyarlay.com

almost 2 years

သားဆက္ျခားေဆး သံုးသင့္/ မသံုးသင့္ဆိုတာ

Jg3oiq5tu9wfnkfjhjo6

က်ားေလးရဲ႕ ေမေမတို႕ေရ သားသားမီးမီးတို႕အတြက္ သိသင့္သိထိုက္တာေတြရွိသလို ေမေမတို႕ကိုယ္တိုင္အတြက္လည္း အက်ဳိးရွိေစမယ့္အေၾကာင္းအရာေတြကို ေဖာ္ျပေပးသြားမွာပါ။ အခုေတာ့ ေမေမေတြအတြက္သားဆက္ျခားေဆးေတြကို ဘယ္အခ်ိန္မွာ ေသာက္သံုးသင့္တယ္၊ ဘယ္အခ်ိန္ေတြမွာ မေသာက္သင့္ဘူးဆိုတာေတြကို ေမေမတို႕အတြက္ ေဖာ္ျပေပးမယ္ေနာ္။ ေမေမတို႕ေရ ေဆးကဒ္ေတြ ေသာက္ေတာ့မယ္လို႕ စဥ္းစားလိုက္ၿပီဆိုရင္ အရင္ဆံုး ေမေမတို႕မွာ အသက္ ၆ လေအာက္ကေလးငယ္ရွိေနသလားဆိုတာ ဆန္းစစ္ဖို႕ လိုပါတယ္။ ကေလးငယ္ရွိတယ္ဆိုရင္ေတာ့ မိခင္ႏို႕တိုက္တာလား၊ ျဖည့္စြက္စာေကၽြးေနၿပီလားဆိုတာ ဆန္းစစ္ၿပီး ၆ လေအာက္ကေလးမရွိရင္၊ မိခင္ႏို႕တိုက္ေကၽြးမေနဘူးဆိုရင္ ေသာက္လို႕ရပါတယ္။ မိခင္ႏို႕မတိုက္ေပမယ့္ ေဘဘီေလးရွိတဲ့ေမေမေတြကေတာ့ ကေလးေမြးၿပီး ၃ ပတ္ၾကာမွသာ ေဆးေသာက္ဖို႕လိုပါတယ္ေနာ္။

N2xfuhi1fepsg0vpa7c1

Vgfn7lhqglyi3l3t0vxi

ေနာက္ထပ္သတိထားသင့္တာတစ္ခုကေတာ့ ေမေမတို႕မွာ ေသြးတိုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ အသည္းေရာင္အသား၀ါေရာဂါ၊ အသည္းၾကြပ္ေရာဂါ၊ အသည္း အႀကိတ္ေရာဂါေတြ ရွိေနမယ္ဆိုရင္၊ ေနာက္ၿပီး အရင္ေဆးကတ္ေသာက္သံုးခ်ိန္မွာ အသား၀ါဖူးတာ၊ သည္းေျခအိတ္မွာေက်ာက္တည္တဲ့ေရာဂါ၊ ႏွလံုးေသြးေၾကာက်ဥ္းတဲ့ေရာဂါ၊ ေသြးေၾကာပိတ္ေရာဂါ၊ ႏွလံုးေရာဂါ၊ ဦးေႏွာက္ေသြးေၾကာက်ဥ္းတာ၊ ေသြးေၾကာပိတ္ေရာဂါ၊ ေလျဖတ္ေရာဂါ၊ ရင္သားကင္ဆာေရာဂါ၊ ျပင္းထန္တဲ့ေခါင္းကိုက္တတ္တဲ့ေရာဂါေတြရွိေနမယ္ဆိုရင္ သားဆက္ျခားေဆးေတြကို သံုးစြဲလို႕မသင့္ပါဘူးေနာ္။ ေမေမတို႕အားလံုးပဲ သာယာေပ်ာ္ရႊင္ဖြယ္မိသားစုေလးကို ဖန္တီးႏိုင္ၾကပါေစေနာ္။

(ေဒါက္တာျမသီတာေရးသားသည့္ ေမေမတို႕သားဆက္ျခားဖို႕ ကိုယ့္အတြက္ဘယ္နည္းလမ္းက အသင့္ေတာ္ဆံုးလဲ ေဆာင္းပါး (ေမ့ရင္ေသြး) မွေကာက္ႏုတ္ခ်က္)

မိခင္နဲ႕ရင္ေသြးတိုင္းအတြက္ ေမတၱာမြန္ျဖင့္
HM (က်ားေလး)

Unicode Version ျဖင့္ဖတ္ရန္

ကျားလေးရဲ့ မေမေတို့ရေ သားသားမီးမီးတို့အတွက် သိသင့်သိထိုက်တာတွေရှိသလို မေမေတို့ကိုယ်တိုင်အတွက်လည်း အကျိုးရှိစေမယ့်အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာပါ။ အခုတော့ မေမေတွေအတွက်သားဆက်ခြားဆေးတွေကို ဘယ်အချိန်မှာ သောက်သုံးသင့်တယ်၊ ဘယ်အချိန်တွေမှာ မသောက်သင့်ဘူးဆိုတာတွေကို မေမေတို့အတွက် ဖော်ပြပေးမယ်နော်။ မေမေတို့ရေ ဆေးကဒ်တွေ သောက်တော့မယ်လို့ စဉ်းစားလိုက်ပြီဆိုရင် အရင်ဆုံး မေမေတို့မှာ အသက် ၆ လအောက်ကလေးငယ်ရှိနေသလားဆိုတာ ဆန်းစစ်ဖို့ လိုပါတယ်။ ကလေးငယ်ရှိတယ်ဆိုရင်တော့ မိခင်နို့တိုက်တာလား၊ ဖြည့်စွက်စာကျွေးနေပြီလားဆိုတာ ဆန်းစစ်ပြီး ၆ လအောက်ကလေးမရှိရင်၊ မိခင်နို့တိုက်ကျွေးမနေဘူးဆိုရင် သောက်လို့ရပါတယ်။ မိခင်နို့မတိုက်ပေမယ့် ဘေဘီလေးရှိတဲ့မေမေတွေကတော့ ကလေးမွေးပြီး ၃ ပတ်ကြာမှသာ ဆေးသောက်ဖို့လိုပါတယ်နော်။
နောက်ပြီး မိခင်နို့တစ်မျိုးတည်းတိုက်တာမဟုတ်ဘဲ ဖြည့်စွက်စာနဲ့တွဲကျွေးနေတဲ့မေမေတွေကတော့ ကလေးမွေးပြီး ၆ ပတ်ကစပြီးသောက်လို့ရပါတယ်။ သားဆက်ခြားဆေးက မိခင်နို့ထွက်နည်းစေနိုင်တာမို့လို့ သားသားမီးမီးလေးတွေကိို မိခင်နို့တစ်မျိုးတည်းတိုက်နေတယ်ဆိုရင်တော့ ဆေးတွေကိုမသုံးသင့်သေးပါဘူးနော်။
နောက်ပြီးဆေးလိပ်သောက်တတ်တဲ့မေမေတွေဆိုရင်လည်း အသက် ၃၅ နှစ်ကျော်သွားပြီဆိုရင် သားဆက်ခြားဆေးမသုံးသင့်တော့ပါဘူးနော်။
နောက်ထပ်သတိထားသင့်တာတစ်ခုကတော့ မေမေတို့မှာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ အသည်းကြွပ်ရောဂါ၊ အသည်း အကြိတ်ရောဂါတွေ ရှိနေမယ်ဆိုရင်၊ နောက်ပြီး အရင်ဆေးကတ်သောက်သုံးချိန်မှာ အသားဝါဖူးတာ၊ သည်းခြေအိတ်မှာကျောက်တည်တဲ့ရောဂါ၊ နှလုံးသွေးကြောကျဉ်းတဲ့ရောဂါ၊ သွေးကြောပိတ်ရောဂါ၊ နှလုံးရောဂါ၊ ဦးနှောက်သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါ၊ ရင်သားကင်ဆာရောဂါ၊ ပြင်းထန်တဲ့ခေါင်းကိုက်တတ်တဲ့ရောဂါတွေရှိနေမယ်ဆိုရင် သားဆက်ခြားဆေးတွေကို သုံးစွဲလို့မသင့်ပါဘူးနော်။ မေမေတို့အားလုံးပဲ သာယာပျော်ရွှင်ဖွယ်မိသားစုလေးကို ဖန်တီးနိုင်ကြပါစေနော်။

(ဒေါက်တာမြသီတာရေးသားသည့် မေမေတို့သားဆက်ခြားဖို့ ကိုယ့်အတွက်ဘယ်နည်းလမ်းူက အသင့်တော်ဆုံးလဲ ဆောင်းပါး (မေ့ရင်သွေး) မှကောက်နုတ်ချက်)

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)