မေမေတို့ရေ ကလေးငယ်တေွရဲ့ လည်ချောင်းကျန်းမာရေးအတွက် ငယ်စဉ်ကတည်းကဂရုစိုက်ပေးသင့်ပါတယ်။ ငယ်စဉ်ကာလမှာ လည်ချောင်းရဲ့ကျန်းမာရေးကို ဂရုမစိုက်ဘဲ အသံကျယ်လောင်မှုတေွကို ကလေးငယ်တေွှပုလုပ်မိတာ၊ စူးစူးဝါးဝါးအော်ဟစ်မိစေအောင် အခြေအနေတေွဖန်တီးမိစေတာဟာ ကလေးငယ်ရဲ့လည်ချောင်းအသံအိုးကို ထိခိုက်သွားစေတတ်ပါတယ်။ အဲ့ဒါကြောင့် မေမေတို့အားလုံးက ကလေးတေွ ငယ်ရွယ်စဉ်မှာ သူတို့ရဲ့အသံအိုးကို ကျယ်လောင်စွာအသုံးမပြုမိစေဖို့အတွက် ဂရုစိုက်ပေးရပါမယ်။
နို့စို့စဉ်မှာကလေးတေွ အခြားကိုအာရုံပြုပြီး နို့သီးမှုတေွမဖြစ်စေဖို့၊ ကျယ်လောင်စွာအော်ဟစ်ခြင်းမပြုမိစေဖို့၊ ငိုကြေွးရာမှာ အာခေါင်ခြစ်အော်ပြီး ငိုကြေွးရတဲ့အခြေအနေတေွမဖြစ်စေဖို့ဂရုစိုက်ပေးရါပမယ်။ အဲ့ဒါမှလည်း ကလေးငယ်ရဲ့လည်ချောင်းမှာအနာရောဂါကင်းစေပြီး ကျန်းမာစေမှာဖြစ်ပါတယ်။ နောက်ပြီးမေမေတို့ဂရုပြုဖို့ကငယ်ရွယ်စဉ်ကာလမှာ ကလေးငယ်တေွအနေနဲ့ ချောင်းဆိုးချွဲကြပ်မဖြစ်စေဖို့ကိုလည်း မေမေတို့က ဂရုပြုပေးဖို့အတွက် လိုအပ်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)