
မေမေတို့ရေ ကလေးငယ်တေွရဲ့နားကျန်းမာရေးဂရုစိုက်ဖို့အတွက်ဆိုရင်တော့ မေမေတို့ကစတင်ဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ ကလေးငယ်တေွကို လသားအရွယ်မှာ နားအတွင်း ဂွမ်းတံတေွနဲ့ထိုးထည့်ပြီး သန့်ရှင်းရေးပြုလုပ်တာမျိုးမလုပ်သင့်ပါဘူး။ ဂွမ်းတံတေွနဲ့ထိုးထည့်တဲ့အခါ ကလေးရဲ့နားစည်ကိုထိခိုက်သွားတတ်စေပါတယ်။ နုနယ်တဲ့ကလေးရဲ့အရေပြားမှာ အနာတရဖြစ််သွားစေတတ်ပါတယ်။ အဲ့ဒီအတွက် ကလေးငယ်တေွကို နားကြပ်ဂွမ်းနဲ့သန့်စင်ပေးမယ်ဆိုရင်တောင် နားအပြင်ပိုင်းအပေါ်ယံကိုပဲသန့်စင်ပေးဖို့လိုပါတယ်။
နောက်ပြီးကလေးငယ်တေွသိတတ်စအရွယ်မှာ နားကြပ်ဂွမ်းတံတေွကို ကလေးငယ်တေွမဆော့နေစေဖို့ကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ ကလေးငယ်တေွဟာ မိဘတေွှပုလုပ်ပေးတာကိုမှတ်သားထားပြီး ကိုယ်တိုင်လိုက်လုပ်တတ်ကြလို့ မိဘတေွက နားအပေါ်ယံပိုင်းကိုသန့်စင်ပေးပေမယ့် ကလေးတေွက ဂွမ်းတံနဲ့အထဲအထိထိုးထည့်တတ်ကြတာကြောင့် ထိခိုက်မှုတေွရှိစေတတ်ပါတယ်။ မေမေတို့တေွအားလုံးက ဂရုစိုက်ပေးပြီး ကလေးငယ်ရဲ့နားကျန်းမာရေးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ နောက်ပြီးနားသန့်ဆေးရည်တေွကိုလည်း မေမေတို့တေွက ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျမရှိဘဲ မသုံးစွဲမိစေဖို့အတွက် ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)