မေမေတို့ရေ သားသားမီးမီးလေးတေွရဲ့ ကျန်းမာရေးကို ဂရုစိုက်တဲ့နေရာမှာ အရာအားလုံးကိုဂရုစိုက်ပေးဖို့လိုပါတယ်နော်။ ကလေးငယ်တေွဘဝမှာ နှာခေါင်းသေွးယိုစီးမှုတေွရှိနေတတ်ပါတယ်။ အဲ့ဒီလိုနှာခေါင်းသေွးယိုစီးမှုကြောင့် ကလေးငယ်တေွရဲ့ ကျန်းမာရေးကို ထိခိုက်တတ်ပါတယ်။ အဲ့ဒီလိုနှာခေါင်းသေွးယိုမှုမဖြစ်စေဖို့အတွက်ဆိုရင်တော့ ဟင်းသီးဟင်းရွက်တေွ၊ အသီးအနှံတေွကို များများစားသင့်ပါတယ်။ နောက်ပြီး နှာခေါင်းရဲ့ကျန်းမာရေးအတွက် ရောဂါပိုးမွှားတေွကူးစက်မှုမခံရစေဖို့ ကလေးငယ်တေွရဲ့ နှာခေါင်းကိုလက်နဲ့နှုိက်တာမျိုးတေွ မပြုမိစေဖို့ကို မေမေတို့က ဂရုစိုက်ပေးသင့်ပါတယ်။ ကလေးတေွနှာခေါင်းကို သန့်စင်တဲ့အခါ လက်နဲ့နှုိက်ပြီးသန့်စင်တာ၊ မသန့်ရှင်းတဲ့အဝတ်တေွနဲ့ ထိတေွ့စေတာမျိုးတေွမရှိဖို့ကို ဂရုစိုက်ပေးဖို့လိုပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)