မေမေတို့ရေ ဒီဘက်ခေတ်မှာ စမတ်ဖုန်းတွေအများအပြားပေါ်ပေါက်လာနေတာကြောင့် မေမေတို့တွေ ကလေးထိန်းတဲ့သူတွေက ကလေးငယ်လေး ငြိမ်နေစေဖို့အတွက် စမတ်ဖုန်းတွေကို ပေးကြည့်တတ်ကြပါတယ်။ အသက် ၂ နှစ်အောက် ငယ်ရွယ်စဉ်ကလေးငယ်တွေကို အဲ့ဒီလိုဖုန်းတွေကြည့်ရှုစေတာဟာ အရမ်းကိုအန္တရာယ်များပါတယ်နော်။ ၂ နှစ်အောက်ကလေးငယ်တွေကို စမတ်ဖုန်းတွေကိုအသုံးပြုစေတာ၊ TV ကြည့်စေတာဟာ ကလေးငယ်တွေရဲ့မျက်စိကျန်းမာရေးကို အများကြီးထိခိုက်စေပါတယ်။ အဲ့ဒါကြောင့်လည်း မေမေတို့တွေအားလုံးက ဂရုစိုက်ပေးသင့်ပါတယ်။ ၂ နှစ်အထက်ရောက်သွားပြီဆိုရင်လည်း ကလေးငယ်တွေရဲ့ TV ကြည့်ချိန်ကို စနစ်တကျနဲ့သတ်မှတ်ပေးသင့်ပါတယ်။ နောက်ပြီး စမတ်တွေကိုအသုံးပြုတာကိုလည်း တစ်ချိန်လုံးအသုံးပြုမနေမိစေဖို့အတွက် စည်းကမ်းလေးချထားသင့်ပါတယ်။
ဒီနေ့ခေတ်မှာ စမတ်ဖုန်းတွေပေါများလာတဲ့အတွက် ကလေးငယ်တွေအနေနဲ့ အလွယ်တကူအသုံးပြုနေနိုင်တဲ့အတွက် ရင်သွေးငယ်တွေရဲ့ ကျန်းမာရေးအတွက် မေမေတို့တွေအားလုံးက ဂရုတစိုက်နဲ့ဆောင်ရွက်ပေးနိုင်ဖို့လိုအပ်ပါတယ်နော်။
မိခင်နှင့်ရင်သွေးငယ်တိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး