မေမေတို့ရေ ကလေးငယ်လေးတေွဆော့စကားတဲ့အခါမှာ အချို့သောမိဘတေွက ပိတ်ပင်တတ်ကြတာမျိုးရှိပါတယ်။ ငယ်စဉ်အချိန်သာမက ဘဝမှာဆော့ကစားခြင်းက အကျိုးကျေးဇူးတေွအများအပြားရှိနေတယ်လို့ သုတေသီတေွရဲ့စစ်တမ်းတေွမှာ ဖော်ပြထားပါတယ်။ မေမေတို့ရေ ကလေးငယ်တေွဆော့ကစားခြင်းနဲ့ ဘယ်လိုမျိုးအကျိုးကျေးဇူးတေွကို ရရှိနိုင်မယ်ဆိုတာကို ဆရာမခေတ်ဘုန်းသစ်ရဲ့ ပြောကြားမှုကိုအခြေခံပြီး မေမေတို့အတွက် ပြန်လည်မှျဝေပေးလိုက်ပါတယ်နော်။
ကလေးငယ်တေွ ကစားခြင်းအားဖြင့် ..
- ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုလာစေပါတယ်။
- ကိုယ့်ကိုယ်ကိုယ်နဲ့ပတ်ဝန်းကျင်ကို ချစ်ခင်တွယ်တာလာစေတယ်။
- လူအချင်းချင်းပေါင်းသင်းဆက်ဆံရေး၊ ဘာသာစကားကောင်းမွန်လာစေပါတယ်။
- တခြားသူကို ပိုနားလည်လာစေတယ်။ ပိုမိုစာနာတတ်လာစေတယ်။ ဝေမှျတတ်၊ ဂရုစိုက်တတ်လာစေပါတယ်။
- တီထွင်ဖန်တီးမှု အားကောင်းလာစေပါတယ်။
- ကြွက်သားကြီး၊ ကြွက်သားငယ်များ သန်စွမ်းလာစေပါတယ်။
- အုပ်စုစည်းကမ်းတေွကို လိုက်နာလာစေပါတယ်။
မေမေတို့ရေ သားသားမီးမီးလေးတေွ အပြင်မှာထွက်ဆော့နေလို့ စိတ်ညစ်မနေနဲ့ ကလေးတေွရဲ့ပင်ကိုယ်စွမ်းရည်တေွပိုမိုထက်မြက်လာစေဖို့ သားသားမီးမီးလေးတေွရဲ့ ဆော့ကစားခြင်းတေွကို လွတ်လပ်စွာခွင့်ပြုပေးလိုက်ပါနော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)