မေမေ၊ ဖေဖေတို့ရေ ကိုယ့်ရဲ့သားသားမီးမီးလေးတွေမှာ ပုံမှန်ကိုယ်အလေးရှိ၊ မရှိဆိုတာသိနိုင်စေဖို့အတွက် ဘယ်အရွယ်မှာ ကိုယ်အလေးချိန်ဘယ်လောက်အထိ ရှိသင့်တယ်ဆိုတဲ့ ပျမ်းမျှအလေးချိန်လေးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
မွေးစအရွယ် >>>> အနည်းဆုံး (၇) ပေါင်ရှိဖို့လိုပါတယ်။
၆ လအရွယ် >>>> ကိုယ်အလေးချိန် နှစ်ဆရှိဖို့လိုပါတယ်။ (၇ × ၂ = ၁၄ ပေါင်)
၁ နှစ်အရွယ် >>>> ကိုယ်အလေးချိန် သုံးဆရှိဖို့လိုပါတယ်။ (၇ × ၃ = ၂၁ ပေါင်)
၂ နှစ်အရွယ် >>>> ကိုယ်အလေးချိန် လေးဆရှိဖို့လိုပါတယ်။ (၇ × ၄ = ၂၈ ပေါင်)
၃ နှစ်အရွယ် >>>> ကိုယ်အလေးချိန် ငါးဆရှိိဖို့လိုပါတယ်။ (၇ × ၅ = ၃၅ ပေါင်)
၅ နှစ်အရွယ် >>>> ကိုယ်အလေးချိန် ခြောက်ဆရှိဖို့လိုပါတယ်။ (၇ × ၆ = ၄၂ ပေါင်)
၁၀ နှစ်အရွယ် >>>> ကိုယ်အလေးချိန် ဆယ်ဆရှိဖို့လိုပါတယ်။ (၇ × ၁၀ = ၇၀ ပေါင်)
(မေ့ရင်သွေးမဂ္ဂဇင်း ဒေါက်တာအိအိခင်(ကလေး) ရေးသားသည့် ဆောင်းပါးမှကောက်နုတ်ချက်)
ဖေဖေ၊ မေမေတို့ရေ ကိုယ့်ရဲ့ရင်သွေးငယ်လေးတွေမှာ သူ့ရဲ့ရှိသင့်တဲ့ ကိုယ်အလေးချိန်တွေရှိရဲ့လားဆိုတာ ဆန်းစစ်ပြီးပြည့်ဝတဲ့အာဟာရဓာတ်တွေကို သင့်တင့်မျှတအောင် စီမံပေးကြရအောင်နော်။ အသက် ၆ လအထိ မိခင်နို့ကို ပြည့်ပြည့်ဝဝတိုက်ကျွေးပြီး ၆ လပြည့်ပြီဆိုတာနဲ့ အာဟာရတွေပြည့်ဝတဲ့ ဖြည့်စွက်စာကို ဖေဖေမေမေတို့က သင့်တော်အောင် စီမံကျွေးကြဖို့လည်းလိုပါတယ်။ အသားဓာတ်၊ ကစီဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်စုံလင်အောင်ကျွေးမွေးပြီး ချစ်စရာကောင်းတဲ့အပြင် ကျန်းမာပြည့်ဖြိုးတဲ့ သားသားမီးမီးလေးတွေကို ပိုင်ဆိုင်နိုင်ပါစေနော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)