ကျားလေးမိသားစုဝင် မိဘတေွကို ပြောပြဆေွးနေွးချင်တာကတော့ ကလေးကို စာဖတ်ပြတဲ့အကြောင်းပါရှင် …
ပထမဆုံးအနေနဲ့ကလေးကို ဘယ်အချိန်စာဖတ်ပြရမလဲဆိုတော့ စောနိုင်လေကောင်းလေပါရှင့် ။ ကျွန်မကတော့ ကလေး ၄လဝန်းကျင်မှာစပြီး ဖတ်ပြပေးခဲ့ပါတယ်။ စစချင်းလသားကလေးကို ဖတ်ပြတဲ့ အချိန်မှာ အသံထွက်တဲ့စာအုပ်လေးတေွ တိရိစ္ဆာန်အကောင်လေးတေွဆို အမေွှးလေးတေွပါတဲ့စာအုပ်လေးတေွကို ဖတ်ပြရပါမယ်ရှင် ။ Touch & feel books လေးတေွဆိုပြီး ဝယ်လို့ရပါတယ်ရှင်။ Hide &seek ဆိုပြီး flap လေးတေွလှန်လိုက်ပြီး အကောင်လေးတေွ အရုပ်လေးတေွကို လိုက်ရှာရတဲ့စာအုပ်လေးတေွကိုလဲ ကလေးတေွ ကြိူကိနှစ်သက်ကြပါတယ်ရှင် ။ အဓိကကတော့ လသားကလေးတေွကိုဖတ်ပြတဲ့အခါ အရုပ်များများ စာနည်းနည်းဖြစ်ဖို့လိုပါတယ်ရှင့်။
တဖြေးဖြေးနဲ့ ၂ နှစ် ၃ နှစ်သားကိုရောက်လာပြီဆိုရင်တော့ ပုံပြင်အတိုလေးတေွကိုစဖတ်ပြလို့ရပါပြီရှင်
ပုံပြင်အသွားအလာကိုသူတို့ စတင်သဘောပေါက်လာပြီဖြစ်ပါတယ်။ Reading level 1 .2. 3 သတ်မှတ်ထားတဲ့စာအုပ်တေွရှိပါတယ်ရှင် ကိုယ်အဆင်ပြေတာကိုရေွးချယ်ပြီး မြန်မာ eng ၂ မျိုးလုံးနဲ့ ဖတ်ပြပေးဖို့လိုပါတယ်ရှင် ။
ကျွန်မရဲ့သားလေးကို TV Ph screen time လုံးဝမပေးဘဲ စာအုပ်တေွနဲ့ပဲ ထိန်းကျောင်းလာတာ ၄နှစ် ကျော်လာပါပြီရှင် ။သားရဲ့ concentration power ဟာသူမတူအောင်ကောင်းမွန်ပါတယ် အပြင်သွားရင် ထမင်းစားရင် ph ကြည့်ရမှ ဆိုတာမျိုးလုံးဝမရှိဘဲ ပြင်ပ ဗဟုသုတတေွကို လေ့လာတတ်သူလေးဖြစ်လာပါတယ် ။TV ပြမှ ph ပြမှ ဆိုတဲ့ အကျင့် ကို အစ မလုပ်ပေးဘဲ စာအုပ်ဖတ်တဲ့အကျင့်လေးကို ပျိူးထောင်ပေးကြပါရှင် တကယ် ထူးခြားတဲ့ရလဒ်ကိုမိဘတေွ ခံစားရမှာပါလို့ မျျှဝေပေးလိုက်ပါတယ်ရှင် ။