ဖေဖေ၊ မေမေတို့ရေ ဒီနေ့ကတော့ မြန်မာနိုင်ငံရဲ့ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယပဲဖြစ်ပါတယ်။ ကျားလေးရဲ့ဖေဖေ၊ မေမေ၊ သားသား၊ မီးမီးတို့နဲ့အတူ ကျားလေးအဖွဲ့သားတေွအားလုံးက ဒီကနေ့ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာကျရောက်တဲ့ (၇၁) နှစ်မြောက်ပြည်ထောင်စုနေ့ကို လှုိက်လှုိက်လှဲလှဲ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်နော်။
ပင်လုံစာချုပ် ချုပ်ဆိုမှုကိုတော့ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသရဲ့ဗဟိုချက်ဖြစ်တဲ့ ပင်လုံမြို့မှာ ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီလိုပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာကတော့ မြန်မာနိုင်ငံလွတ်လပ်ရေး အပြည့်အဝရဖို့အတွက် လက်နက်တစ်ခုသဖွယ်ဖြစ်ခဲ့တာပါ။ ဖေဖေ၊ မေမေတို့ရေ ပင်လုံစာချုပ်ကိုတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူတူ တိုင်းရင်းသားခေါင်းဆောင် ၂၂ ဦးတို့က ပါ၀င်ပြီး လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ပါ၀င်လက်မှတ်ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်ကြီး ၂၃ ဦးကို သားသားမီးမီးတို့ ဗဟုသုတရစေဖို့ ဖေဖေ၊ မေမေတို့ကပြောပြပေးနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။
ဗိုလ်ချုပ်အောင်ဆန်း (မြန်မာပြည်ခေါင်းဆောင်)
စဝ်ခွန်ပန်းစိန် (တောင်ပိုင်းစော်ဘွား)
စဝ်ရေွှသိုက် (ညောင်ရေွှစော်ဘွား)
စဝ်ဟုန်ဖ (မြောက်ပိုင်းသိန္နီစော်ဘွား)
စဝ်နွံ (လဲချားစော်ဘွား)
စဝ်စံထွန်း (မိုင်းပွန်စော်ဘွား)
ခွန်ဖုန်း (မြောက်ပိုင်းသိန္နီ လူထုကိုယ်စားလှယ်)
စဝ်ထွန်းအေး (သာမိုင်းခမ်းစော်ဘွား)
ဦးတင်အေး (တောင်ကြီးလူထုကိုယ်စားလှယ်)
ဦးကြာပု (သီပေါလူထုကိုယ်စားလှယ်)
စဝ်ယိင်ဖ (သီပေါလူထုကိုယ်စားလှယ်)
ဆမားဒူဝါဆင်ဝါနောင် (မြစ်ကြီးနား ကချင်ကိုယ်စားလှယ်)
ဒူဝါဇော်ရစ် (မြစ်ကြီးနား ကချင်ကိုယ်စားလှယ်)
ဦးခွန်ထီး (ပင်လုံလူထုကိုယ်စားလှယ်)
ဦးထွန်းမြင့် (မောက်မယ်လူထုကိုယ်စားလှယ်)
ဦးခွန်စော (ပင်းတယလူထုကိုယ်စားလှယ်)
ဦးဖြူ (ဆီဆိုင်စော်ဘွားကိုယ်စားလှယ်)
ဦးဒိန်ရတန် (ဗန်းမော်ကချင်ကိုယ်စားလှယ်)
ဒူဝါးဇော်လွန်း (ဗန်းမော်ကချင်ကိုယ်စားလှယ်)
ဦးလဘန်းဂရောင် (ဗန်းမော်ကချင်ကိုယ်စားလှယ်)
ဦးလူမုန်း (ဖလမ်းချင်းကိုယ်စားလှယ်)
ဦးသောင်ဇာခုတ် (တီးတိန်ချင်းကိုယ်စားလှယ်)
ဦးကီယိုမာန် (ဟားခါးချင်းကိုယ်စားလှယ်)
(ပင်လုံသမိုင်းကြောင်းစာအုပ်မှ ကိုးကားဖော်ပြအပ်ပါသည်)
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)
မေမေ၊ ဖေဖေတို့ရေ ပြည်ထောင်စုနေ့ဆိုတာကတော့ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိဖို့အတွက် မြန်မာပြည်မနဲ့ တောင်တန်းသားတေွအားလုံးရဲ့ စည်းလုံးမှုကိုပြဆိုတဲ့အနေနဲ့ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ၁၉၄ရ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားကြတာမဟုတ်လား။ အဲ့ဒီလိုတိုင်းရင်းသားအားလုံးရဲ့ သေွးစည်းညီညွတ်မှုကိုပြသနိုင်ခဲ့တဲ့ ဒီလိုအမှတ်တရနေ့လေးအကြောင်း သားသားမီးမီးလေးတေွ သိရှိမှတ်သားနိုင်ကြဖို့အတွက်လည်း ဖေဖေ၊ မေမေတို့က ပြောပြထားပေးပါဦးနော်။